သူမရဲ့လက်ရှိအခြေအနေကြောင့် လမ်းပေါ်မထွက်နိုင်ပေမယ့် တတ်နိုင်တဲ့ဘက်ကနေ သူရဲကောင်းတွေအတွက်လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ထက်ထက်မိုးဦး

//s9.kh1.co/48/487989237c367139376703591e3bed8dc233af31.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မထက်လို့ဆိုလိုက်တာနဲ့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားပြီး ထိပ်တန်းသရုပ်ဆောင်အဖြစ်အကယ်ဒမီဆုတွေလည်းရရှိထားတဲ့ ကြော်ငြာမင်းသမီးကို ပရိသတ်တွေမြင်ယောင်မိကြမှာပါနော်..။

မထက်ကတော့ လက်ရှိမှာမတည်ငြိမ်သေးတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့အကြောင်းလေးတွေကိုလည်း သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ အသိပေးရေးသားထားတာ တွေ့ရပါတယ်နော်..။

Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc

မထက်ဟာ သူမရဲ့လက်ရှိအခြေအနေတွေကြောင့် လမ်းပေါ်မထွက်နိုင်ပေမယ့်လည်း လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့သူရဲကောင်းတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..။

သူမရဲ့နှလုံးရောဂါကြောင့် ကိုယ်တိုင်လမ်းပေါ်မထွက်နိုင်ပေမယ့် ရုပ်ရှင်အစည်းအရုံးကို အလှူငွေတွေ လှူဒါန်းခဲ့တဲ့အပြင် လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့မန္တလေးက ပြည်သူတွေအမောပြေသောက်သုံးဖို့အတွက် အအေးဗူးနဲ့ ရေသန့်တွေ ဝေငှလှူဒါန်းခဲ့တာဖြစ်ပါတယ်နော်..။

Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc

"ဒီနေ့ ထက်က ရုပ်ရှင်အစည်းအရုံးမှာလည်း သိန်း ၂၀ လှူပေးခဲ့သလို ရွှေမန်းမြေမှာလည်း ချစ်ရသူတွေအားလုံးအတွက် အအေးဗူး ၁၀၀၀ နဲ့ ရေဘူး ၁၅၀၀ ဝေပေးနေပါတယ်။ နှလုံးရောဂါနဲ့မို့ လမ်းပေါ်အတူတူ ရှိမပေးနိုင်ပေမယ့် လိုအပ်တာ အကုန်ကူဖို့ အမြဲရှိနေပါတယ်။.." ဆိုပြီး မထက်က ရေးသားပြောပြထားတာပါ..။

ပရိသတ်တွေနဲ့အတူရှိတဲ့အကြောင်းလေးနဲ့ အလှူလေးကို ဝေမျှထားတဲ့ အဲ့ဒီ့ပို့ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ မထက်ရဲ့အလှူလေးကို သာဒုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc
Photo Credit - Htet Htet Moe Oo's Fb Acc

သတင်း အရင်းအမြစ်Htet Htet Moe Oo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T