အနုပညာမောင်နှမတွေနဲ့အတူတူ သီချင်းတွေသံပြိုင်ဆိုရင်း ပြည်သူတွေနဲ့ တစ်သားထဲရပ်တည်ခဲ့တဲ့ နန်းခင်ဇေယျာရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/3a/3a82ab7497ffcd4fc7947b908443889ab4ea468e.jpeg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

သွယ်လျကျစ်လျစ်ပြီး သေးသေးသွယ်သွယ် အမိုက်စား body နဲ့ ပုရိသတွေနဲ့ အသည်းတွေကို လှုပ်ကိုင်နိုင်ခဲ့တဲ့ မော်လ်ဒယ်မလေး နန်းခင်ဇေယျာ ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ နန်းခင်ဇေယျာ ကတော့ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတာကိုတွေ့ပါတယ်။ သူမရဲ့ ကြိုးစားမှုတွေကြောင့်လည်း အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တာပါ ။

 Photo Credit : Nang Khin Zay Yar Facebook Page 
 Photo Credit : Nang Khin Zay Yar Facebook Page 
 Photo Credit : Nang Khin Zay Yar Facebook Page 
 Photo Credit : Nang Khin Zay Yar Facebook Page 

ဒါ့အပြင် တိုင်းရင်းသူလေးဖြစ်ပြီး လူတိုင်းအပေါ်ပွင့်လင်းရိုးသားစွာ ခင်မင်ဆက်ဆံတတ်သူလည်းဖြစ်ပါတယ်။နန်းခင်ဇေယျာကတော့ ဘက်စုံ ထူးချွန်သူတစ်ယောက်ဖြစ်ရာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်သလို ပရဟိတလုပ်ငန်းတွေဆိုရင်လည်းရှေ့ကနေ ဦးဆောင်လုပ်ကိုင်တတ်သူလေးဖြစ်တာကြောင့် ပရိသတ်အားလုံးက လေးစားချစ်ခင်နေရတာပါ။

 Photo Credit : Nang Khin Zay Yar Facebook Page 
 Photo Credit : Nang Khin Zay Yar Facebook Page 
Photo Credit : Nang Khin Zay Yar Facrbook Page 
Photo Credit : Nang Khin Zay Yar Facrbook Page 

နန်းကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားထဲ ရပ်တည်ခဲ့တာဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှုတွေ အားတက်တရော ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အခုလည်း အနုပညာမောင်နှမတွေနဲ့အတူတူ သီချင်းတွေသံပြိုင်ဆိုရင်း လှုပ်ရှားမှုပြုလုပ်နေတဲ့ ဗီဒီယိုလေးကိုဝေမျှထားရာ လေးစားမိသလို ကြည့်ရင်း ကြက်သီးထရလောက်အောင်ကို ဖြစ်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

 Photo Credit : Nang Khin Zay Yar Facebook Page 
 Photo Credit : Nang Khin Zay Yar Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T