ရုံးတက်နေကြတဲ့လူတွေကို CDMမှာပါဝင်ပေးဖို့ ဒူးထောက်တောင်းပန်ခဲ့တာကြောင့် ပြည်သူပရိသတ်တွေချီးကျူးနေကြတဲ့ ကျော်ထက်အောင်

//s9.kh1.co/34/341ce0bc2df3948f39bfca535f5f8d2d94e78493.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အမိုက်စားအသံပါဝါကြောင့် အစီအစဉ်တင်ဆက်သူအဖြစ် Myamnar Idol ကနေ ပရိသတ်တွေစတင်သိကျွမ်းခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ရပ်တည်လျှောက်လှမ်းနေတဲ့ အနုပညာရှင်ကတော့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်နော်..။

အမျိုးသမီးပရိသတ်တွေအများဆုံးရရှိထားတဲ့ ကျော်ထက်အောင်ကတော့ လတ်တလော မတည်ငြိမ်သေးတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့တန်းတူရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Htet Aung's Fb Acc
Photo Credit - Kyaw Htet Aung's Fb Acc
Photo Credit - John Ramond's Fb Acc
Photo Credit - John Ramond's Fb Acc

ပထမနေ့ကတည်းက ပြည်သူတွေနဲ့တစ်သွေးတစ်သားတည်းရပ်တည်နေခဲ့တဲ့ ကျော်ထက်အောင်ဟာ ပြီးခဲ့တဲ့ရက်က မထင်မှတ်ထားတဲ့ သူ့ူ့ရဲ့လုပ်ရက်တချို့ကြောင့် ပြည်သူပရိသတ်တွေအများအပြား ချီးကျူးလေးစားနေခဲ့ကြတာလည်း တွေ့ရပါတယ်..။

ပြည်သူပရိသတ်တွေနဲ့အတူ ရန်ကုန်အကောက်ခွန်ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီး ရုံးတက်အလုပ်လုပ်နေကြတဲ့သူတွေကို CDM မှာ ပါဝင်ပေးကြဖို့ ကျော်ထက်အောင်က ဒူးထောက်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်နော်..။

Photo Credit - Su Kyi Phyu's Fb Acc 
Photo Credit - Su Kyi Phyu's Fb Acc 
Photo Credit - John Ramond's Fb Acc
Photo Credit - John Ramond's Fb Acc

နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပြည်သူတွေနဲ့အတူရပ်တည်ပြီး အားလုံးရဲ့အနာဂတ်အတွက် မရှက်မကြောက်ဒူးထောက်တောင်းပန်ခဲ့တဲ့ သူ့ရဲ့ချီးကျူးစရာလုပ်ရပ်လေးကို ပြည်သူပရိသတ်တွေအများအပြားက သဘောကျချီးကျူးနေကြတာပဲ ဖြစ်ပါတယ်နော်..။

အဆိုပါနေ့က အကောက်ခွန်ရုံးရှေ့မှာ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ ကျော်ထက်အောင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Su Kyi Phyu's Fb Acc 
Photo Credit - Su Kyi Phyu's Fb Acc 
Photo Credit - John Ramond's Fb Acc
Photo Credit - John Ramond's Fb Acc

သတင်း အရင်းအမြစ်Su Kyi Phyu's Fb Acc & John Ramond's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T