ည(၈)နာရီတိုင်း အိမ်ထဲကနေအချိန်မှန်မှန် သံပုံးတီးပြီး ပြည်သူတွေနဲ့အတူ ဆန္ဒထပ်တူကျကြောင်းပြသခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယိုလေး

//s9.kh1.co/eb/eb3e2f6c10b248871fef5564f5e7d81c86f8b29b.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ည(၈)နာရီတိုင်း အိမ်ထဲကနေအချိန်မှန်မှန် သံပုံးတီးပြီး ပြည်သူတွေနဲ့အတူ ဆန္ဒထပ်တူကျကြောင်းပြသခဲ့တဲ့ ရွှေမှုံရတီရဲ့ဗီဒီယိုလေး

မင်းသမီးချောလေး ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ အောင်မြင်ခဲ့ပြီး ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ရသူလေးပဲ ဖြစ်ပါတယ် ။ အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတစ်လက်လည်းဖြစ်ခဲ့တဲ့ ရွှေမှုံရတီက အခုဆိုရင် မြန်မာနိုင်ငံရဲ့ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေရပြီ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ရွှေမှုံရတီက အဆိုတော်၊ မင်းသားချော ရွှေထူးနဲ့ ထိမ်းမြားလက်ထပ်ပြီး အိမ်ထောင်သည်ဘဝလေးကို နားလည်မှုရှိရှိ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit -Shwe Mhone Yati's FB Acc
Photo Credit -Shwe Mhone Yati's FB Acc
Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကို ပရိသတ်တွေက ရွှေရွှေတို့စုံတွဲလို့တောင် ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ် ။ ရွှေမှုံတို့စုံတွဲက ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်ကြသလို အမြဲတမ်း မခွဲအတူရှိကြတာ ဖြစ်ပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေမှာလည်း ရွှေရွှေတို့စုံတွဲက ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ် ။

Photo Credit -Shwe Mhone Yati's FB Acc
Photo Credit -Shwe Mhone Yati's FB Acc
Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc

မနေ့ကလည်း ရွှေထူးက ချစ်ဇနီးလေးရွှေမှုံရတီရဲ့လှုပ်ရှားမှုလေးတစ်ခုကို ဗီဒီယိုရိုက်ပြီး My Story မှာ တင်ထားတာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ ရွှေမှုံရတီက ည (၈)နာရီတိုင်း အချိန်မှန်မှန်သံပုံးတီးပြီး နိုင်ငံအတွက် တတ်နိုင်သလောက် ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေနဲ့အတူ ဆန္ဒထပ်တူကျကြောင်း သံပုံးတီးကာ ပြသလိုက်တဲ့ ရွှေမှုံရတီရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Htoo Khant's FB Story

Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc
Photo Credit -Htoo Khant's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T