မြန်မာပြည်ကြီး အေးချမ်းစေဖို့အတွက် အနုပညာရှင်မောင်နှမတွေနဲ့အတူ ပဌာန်းရွတ်ပူဇော်ပြီး အမျှပေးဝေ ခေါင်းလောင်းတီးကာ ဆုတောင်းနေတဲ့ နန်းစန္ဒာလှထွန်း

//s9.kh1.co/67/67fba27abb8547561cc80ed03f2b8fa57379e98b.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ မျက်နှာမြင်ချစ်ခင်ပါစေ ဆုကို မတောင်းပဲ ပြည့်တဲ့ အနုပညာရှင်တစ်ယောက် ဆိုလည်း မမှားပါဘူးနော်......။သူမဟာ MRTV-4 တွင် ပြသနေသော ဇာတ်လမ်းတွဲ များစွာကို ရိုက်ကူးထားသူ ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်စွမ်းရည်ဟာ ကောင်းမွန်ပီပြင်တဲ့အပြင် အေးချမ်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေး ဝန်းရံမှုကို ခံနေရတဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။

Photo Credit -Nan Sandar Hla Htun FB Account
Photo Credit -Nan Sandar Hla Htun FB Account
Photo Credit -Nan Sandar Hla Htun FB Account
Photo Credit -Nan Sandar Hla Htun FB Account

နန်းစန္ဒာလှထွန်းကတော့ သူမချစ်တဲ့ အနုပညာအလုပ်တွေကို တန်ဖိုးထားကာ ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း အမြဲချပြလေ့ရှိသူလေး ဖြစ်ပါတယ်။နန်းဟာ ဘာသာရေး ကိုင်းရှိုင်းသူလေး ဖြစ်ကာ အလှူ အတန်း ရက်ရောတာလည်း တွေ့ရပါတယ်နော်.....။လတ်တလောမှာတော့ မြန်မာပြည်ကြီးအေးချမ်းအောင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ပူပေါင်းပါဝင်ကာ အနုပညာရှင် မောင်နှမတွေနဲ့အတူ ပဌာန်းရွတ်ဖတ် ပူဇော်ပြီး အမျှဝေ ခေါင်းလောင်းတီးကာ ငြိမ်းချမ်းစွာ ပါဝင် လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။

Photo Credit -Phone Sett Thwin
Photo Credit -Phone Sett Thwin
Photo Credit -Nan Sandar Hla Htun FB Account
Photo Credit -Nan Sandar Hla Htun FB Account

နန်းစန္ဒာလှထွန်းဟာ သူမရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင် "CDM ပြုလုပ်သော ဝန်ထမ်းများကိုလည်း လေးစားလျက် ကိုယ့်ဘက်ကလည်းတတ်နိုင်တာကို ပြည်တူနဲ့အတူရှိရင်း ၁၀.၂.၂၀၂၁ ပြည်သူအားလုံး အန္တရာယ် ကင်းပါစေ ???"ဆိုပြီး စာသားလေးနဲ့ အတူ နိုင်ငံတော် အေးချမ်းပါစေ အချုပ်အနှောင် ကင်းပါစေ လို့ ဆုတောင်းမှုတွေ ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ......နန်းရဲ့ချစ်ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်.......။

Photo Credit -Nan Sandar Hla Htun FB Account
Photo Credit -Nan Sandar Hla Htun FB Account
Photo Credit -Nan Sandar Hla Htun FB Account
Photo Credit -Nan Sandar Hla Htun FB Account

သတင်း အရင်းအမြစ်Nan Sandar Hla Htun FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T