အိမ်ပြင်မထွက်နိုင်ပေမယ့် လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ ပြည်သူတွေအတွက် အရေးပေါ်အချက်ပြနည်းတွေကို ကိုယ်တိုင်သရုပ်ပြခဲ့တဲ့မိုးယုစံရဲ့ဗီဒီယို

//s9.kh1.co/6a/6aac7a0512c8118034bac70cfa67ed1a7700a4dc.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

အိမ်ပြင်မထွက်နိုင်ပေမယ့် လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ ပြည်သူတွေအတွက် အရေးပေါ်အချက်ပြနည်းတွေကို ကိုယ်တိုင်သရုပ်ပြခဲ့တဲ့မိုးယုစံရဲ့ဗီဒီယို

မင်းသမီးချောလေး မိုးယုစံကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့အတူ အရမ်းကိုလှပတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အနုပညာလောကမှာ နှစ်အတော်ကြာအောင် ဇာတ်ကားတွေရိုက်ကူးလာခဲ့တဲ့ မိုးယုစံက သရုပ်ဆောင်တော်ရုံသာမက မြန်မာအကကိုပါ ကျွမ်းကျွမ်းကျင်ကျင် ကနိုင်တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မိုးယုစံက ကိုယ်ဝန်လွယ်ထားရတာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခဏရပ်နားထားတာ ဖြစ်ပါတယ် ။

Photo Credit -Moe Yu San's FB Page 
Photo Credit -Moe Yu San's FB Page 
Photo Credit -Moe Yu San's FB Page 
Photo Credit -Moe Yu San's FB Page 

ဒုတိယမြောက် ရင်သွေးလေးကိုလွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းလေး မိုးယုစံကတော့ ကလေးမွေးဖွားဖို့ ရက်ပိုင်းသာလိုတော့တာ ဖြစ်ပါတယ် ။ ဒါကြောင့် မိုးယုစံက လတ်တလောမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ အပြင်ထွက်ပြီး မပါဝင်နိုင်တာပဲ ဖြစ်ပါတယ် ။ မိုးယုစံက အိမ်အပြင်မထွက်နိုင်ပေမယ့်လည်း လမ်းပေါ်ထွက်နေရတဲ့ ပြည်သူတွေအတွက် အသုံးဝင်မယ့် အရေးပေါ်အချက်ပြနည်းတွေကို ကိုယ်တိုင်သရုပ်ပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Moe Yu San's FB Page 
Photo Credit -Moe Yu San's FB Page 
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc

မိုးယုစံကတော့ " ပြည်သူများ တစ်ဦးနဲ့တစ်ဦး လက်အမူအရာနဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်အောင် video လေးတင်ပေးလိုက်ပါတယ် ...မာမီလည်း မွေးဖို့ (၁၀) ရက်ပဲလိုတော့လို့ အထောက်အကူဖြစ်မယ့် video လေးမို့ ကိုယ်တိုင်ရိုက်ပြီး တင်ပေးလိုက်ပါတယ် အရင်တင်ထားတဲ့သူကိုလည်းကျေးဇူးတင်ပါတယ်..အမှားအယွင်းပါလည်း နားလည်ပေးကြပါ...ဘေးအန္တရာယ်ကင်းဝေးကြပါစေ" ဆိုပြီး ဗီဒီယိုလေးကို တင်ပေးလိုက်တာ ဖြစ်ပါတယ် ။ ကဲ လက်အမူအရာနဲ့ အချင်းချင်းဆက်သွယ်နိုင်ဖို့ အချက်ပြနည်းတွေကိုမျှဝေခဲ့တဲ့ မိုးယုစံရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source & Video Credit -Moe Yu San's FB Acc

Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
Photo Credit -Moe Yu San's FB Acc
@moeyusanmys

ဆန္ဒပြပြည်သူများ လက်အမူအရာနဲ့ အချက်ပြပုံ #moeyusan #handsignsprotester #handsign #myanmar #savemyanmar

♬ Lazy Sunday - Official Sound Studio
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T