နေ့တိုင်းလမ်းမပေါ်ထွက်ပြီး အသံကုန်အော်နေရပေမယ့်လည်း မမောပန်းနိုင်ဘဲ အားအင်အပြည့်နဲ့ ပြည်သူတွေဘက်က ရင်ဆိုင်ရပ်တည်နေတဲ့ အူဝဲ

//s9.kh1.co/ad/ad47aeeb941f457e2d155bd9ab0a4a0fabfef811.jpeg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

နေ့တိုင်းလမ်းမပေါ်ထွက်ပြီး အသံကုန်အော်နေရပေမယ့်လည်း မမောပန်းနိုင်ဘဲ အားအင်အပြည့်နဲ့ ပြည်သူတွေဘက်က ရင်ဆိုင်ရပ်တည်နေတဲ့ အူဝဲ

အနုပညာလောကမှာ အခုချိန်ထိတိုင်အောင်မြင်မှုကို ထိန်းထားနိုင်တဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ ပရိသတ်များစွာရဲ့အချစ်တွေကို ရရှိထားတာဖြစ်ပါတယ်။အူဝဲနဲ့ပြေတီဦးတို့ရဲ့အိမ်ထောင်ရေးလေးကလည်း သာယာချမ်းမြေ့လို့ ဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်ပါတယ်နော်။အူဝဲက သားတစ်ယောက်၊သမီးတစ်ယောက်ကို မွေးဖွားထားတဲ့မိခင်ဖြစ်ပေမယ့် အလှလုံးဝမပျက်သွားဘဲ နုငယ်ပျိုမျစ်နေတာဖြစ်လို့ မိန်းကလေးပရိသတ်တွေကတောင် သူမရဲ့အလှတရားတွေကို အမြဲချီးကျူးနေရတာဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin’s Facebook Acc<br>
Photo Credit:Eaindra Kyaw Zin’s Facebook Acc
Photo Credit:Zaw Zaw Aung’s Facebook acc
Photo Credit:Zaw Zaw Aung’s Facebook acc

အခုချိန်မှာဆိုရင်လည်း အူဝဲက နေ့စဉ်နေ့တိုင်းလမ်းမပေါ်ထွက်နေရပေမယ့်လည်း အသားအရေလေးကအစကြည်လင်ဝင်းပပြီးနုဖတ်နေတာပဲဖြစ်ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်တော့ အူဝဲကချစ်ခင်ပွန်းပြေတီဦးနဲ့အတူ တက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။အူဝဲတို့ဇနီးမောင်နှံက လူမင်း၊ကိုပေါက်၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ဇင်ဝိုင်း စတဲ့အနုပညာရှင်တွေနဲ့အတူ ပြည်သူတွေဘက်ကနေ တစ်သွေးတည်း၊တစ်သားတည်း ရင်ဆိုင်ရပ်တည်နေတာပဲဖြစ်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin’s Facebook Myday

အူဝဲတို့ဇနီးမောင်နှံကတော့ နေ့တိုင်းအပြင်ထွက်ပြီး ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်နေတာဖြစ်လို့ သူမကိုချစ်ကြတဲ့ပရိသတ်တွေတောင် အားတက်သွားရပါတယ်နော်။မနေ့ကဆိုရင်တော့ အူဝဲက ကားလေးနဲ့လှည့်လည်ပြီးပါဝင်လှုပ်ရှားခဲ့တဲ့အပြင် လမ်းသွားရင်းနဲ့လည်း တွေ့သမျှပြည်သူတွေကို အပြုံးချိုချိုလေးနဲ့နှုတ်ဆက်သေးတာဖြစ်ပါတယ်။လူလည်းအရမ်းလှသလို စိတ်ထားလေးကလည်းဖြူစင်တဲ့ နိုင်ငံကျော်မင်းသမီးအူဝဲရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Eaindra Kyaw Zin’s Facebook Myday
Photo Credit:Eaindra Kyaw Zin’s Facebook Myday
Photo Credit:Eaindra Kyaw Zin’s Facebook Myday
Photo Credit:Eaindra Kyaw Zin’s Facebook Myday

Source&Photo Credit:Eaindra Kyaw Zin’s Facebook Myday

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T