လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေကိုပြည်သူတွေနဲ့အတူ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့ ဝတ်မှုံရွှေရည်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/4c/4cf0237cce78caef34002ce79d94dea13a2fe388.jpeg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၁ ၁၂am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ဝတ်မှုံရွှေရည်ကတော့  အနုပညာလမ်းကြောင်းမှာ  အောင်မြင်မှုတွေရရှိထားတဲ့  ထိပ်တန်းမင်းသမီးလေးတစ်လက်လည်း  ဖြစ်ပါတယ်။  စကားပြောတဲ့နေရာမှာလည်း  အင်မတန်ယဉ်ကျေးသိမ်မွေ့ပြီး  ချစ်စရာကောင်းလွန်းသူလေးဖြစ်တာကြောင့်  ပရိသတ်တိုင်းက  အားပေးချစ်ခင်နေရတာလည်း  ဖြစ်ပါတယ်။  အလှူအတန်းနဲ့ပတ်သတ်ပြီးတော့လည်း  သူမတတ်နိုင်တဲ့ဘက်ကနေ  အမြဲလှူဒါန်းနေတာကြောင့်  ကံကောင်းခြင်းတွေ  ပိုင်ဆိုင်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 

ရွှေကစ်ဟာ  မြန်မာနိုင်ငံကြီး  အေးချမ်းမှုတွေရရှိအောင်  သစ်တံခါးဆရာတော်ကြီးရဲ့ လမ်းညွှန်မှုတွေကြောင့်  မြဝတီမြို့တွင်   ရက်အတော်ကြာ အဓိဌာန်ဝင်ရောက်ခဲ့တာလည်း  ဖြစ်ပါတယ်။  မနေ့ကတော့  အဓိဌာန်ရက်ပြည့်မြောက်ပြီဖြစ်တာကြောင့်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီပဲ  ဖြစ်ပါတယ်။  ရန်ကုန်ပြန်ရောက်ရောက်ချင်း  နောက်တစ်နေ့မနက်မှာဘဲ  လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေကိုပြည်သူတွေနဲ့အတူတက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာပဲ  ဖြစ်ပါတယ်။

Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 
Photo Crd-Wutt Hmone Shwe Yi’s Facebook Page 

သူမရဲ့  လူမှုကွန်ယက်စာမျက်နှာတွင်လည်း " မနေ့ညကမှ တရားစခန်းက ပြန်ရောက်ပြီး ဒီနေ့တော့ပြည်သူထဲကပြည်သူတစ်ယောက်မို့ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့ပါတယ်...

လိုအပ်တာတွေ လှူဒါန်းသွားဖို့ ရှိပါတယ်....

ပြည်သူတွေအနေနဲ့လည်းပူးပေါင်းပါဝင်ပေးကြပါနော်..." ဆိုပြီး ရေးသားထားတာလည်း  ဖြစ်ပါတယ်။  ရွှေကစ်ဟာ ကန်တော်ကြီးပတ်လမ်းမှာ တည်ရှိတဲ့  UN သံရုံးရှေ့တွင်လည်း " အရှုံးမပေးနဲ့မိငယ် " ဆိုတဲ့ သီချင်းကိုလည်း သီဆိုနေတာပဲဖြစ်ပြီး  ပရိသတ်တွေကြည့်ရှုခံစားနိုင်အောင်  ဗီဒီယိုဖိုင်လေးကိုပါ  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wutt Hmone Shwe Yi’s Facebook Page

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T