မြေနီကုန်းကပြည်သူပရိသတ်တွေနဲ့ ပူးပေါင်းပြီး ရဲရင့်တက်ကြွစွာလူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ပိုင်တံခွန်

//s9.kh1.co/42/42a81cac42237a10b2a2e0224f32a2dd041c5f8a.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေအချစ်တွေများစွာ ရရှိထားတဲ့အပြင် ပြည်ပ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူကတော့ မော်လ်ဒယ်သရုပ်ဆောင်မင်းသားချော ပိုင်တံခွန်ပဲ ဖြစ်ပါတယ်နော်..။

ပိုင်တံခွန်ကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်လုပ်ဆောင်နေတာ တွေ့ရပါတယ်နော်..။

Photo Credit - Swam Heain's Fb Acc
Photo Credit - Swam Heain's Fb Acc

ပိုင်တံခွန်နဲ့ အခြားသောအနုပညာရှင်မောင်နှမတွေဟာ မြေနီကုန်းပရိသတ်တွေနဲ့အတူ ပူးပေါင်းပြီး လမ်းလျှောက်ကာလူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာဖြစ်ပြီး ပရိသတ်တွေကို နှစ်သက်သဘောကျစေပါတယ်နော်..။

လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတာဟာ ဒီကနေ့ဆိုရင် (၅)ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်သလို ပြည်သူပရိသတ်တွေကလည်း လမ်းမပေါ်ပြည့်လျှံကာပိုပိုများလာကြပြီး အနုပညာရှင်တော်တော်များများလည်း ပါဝင်အားဖြည့်နေကြတာပါ..။

Photo Credit - Swam Heain's Fb Acc
Photo Credit - Swam Heain's Fb Acc
Photo Credit - Swam Heain's Fb Acc
Photo Credit - Swam Heain's Fb Acc

အခုတစ်ခါမှာလည်း ပိုင်တံခွန်နဲ့အတူ ပိုင်အုပ်စိုးအောင်နဲ့ သီရိရှင်းသန့်တို့ကလည်း မြေနီကုန်းကပြည်သူပရိသတ်တွေနဲ့ ပူးပေါင်းပြီး ရဲရင့်တက်ကြွစွာလူထုလှုပ်ရှားမှုတွေပြုလုပ်နေတာကို ပရိသတ်တွေ မြင်တွေ့ကြရဦးမှာပါနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ရဲဝင့်ပြတ်သားစွာ လှုပ်ရှားနေတဲ့ ပိုင်တံခွန်နဲ့အတူ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်ဝေမျှကာတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Swam Heain's Fb Acc
Photo Credit - Swam Heain's Fb Acc
Photo Credit - Swam Heain's Fb Acc
Photo Credit - Swam Heain's Fb Acc

သတင်း အရင်းအမြစ်Swam Heain's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T