သဒ္ဓါတရားထက်သန်တဲ့ သူမရဲ့ မိသားစုနဲ့အတူ ကားတစ်စီးလုံးအပြည့် မုန့်တွေတင်ပြီး ပြည်သူတွေကို ဝေငှနေခဲ့တဲ့ ဖြူဖြူထွေး

//s9.kh1.co/b1/b16022812c687d988f319f281031a35055f260e9.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာကို ဝါသနာပါသူဖြစ်လို့ ကျောင်းကပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ ကပြရင်းထင်မှတ်မထားလောက်အောင် ပရိသတ်ကြား ရေပန်းစားအောင်မြင်လာသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ ​ဖြူဖြူထွေးက ဖြူစင်ရိုးသားတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် အပြုံးလေးတွေကလည်း အသက်ဝင်ပြီး လှရက်သူလေးဖြစ်လို့ ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ ကြွေနေရသူလေးပါနော်။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

အနုပညာအလုပ်ကိုလည်း ကြိုးစားပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးတစ်ယောက် ရင်နှီးဖော်ရွေတဲ့အပြောအဆိုကြောင့် အနုပညာရှင်ညီအစ်ကို မောင်နှမတွေကပါ အားပေးနေရတာလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက မကြာခဏဆိုသလိုလည်း အလှူဒါနတွေကို ပြုလုပ်လေ့ရှိတာဖြစ်ပြီး လူမှုကွန်ယက်ထက်မှာလည်း ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပါတယ်။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

ဖြူဖြူထွေးက ဒီကနေ့ နေ့လည်ပိုင်းအချိန်မှာတော့ ကားတစ်စီးလုံးထက်မှာ မုန့်အပြည့်အတင်ပြီး သူမရဲ့ မိသားစုတွေနဲ့အတူ ပြည်သူတွေအတွက် အလှူပြုနေခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေ လမ်းပေါ်ထွက်နေရတာကြောင့် တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ဒါနယူနေခဲ့တာဖြစ်ပြီး " ဒီနေ့ လှူမယ်ဆို မိသားစုမှ လိုအပ်တာတွေ အကုန်ဝယ်ပေး လုပ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း သဒ္ဓါတရားထက်သန်တဲ့ ဖြူဖြူထွေးတို့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

သတင်း အရင်းအမြစ်Source - Phyu Phyu Htwe's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T