ကလေးတွေနဲ့အတူ အိမ်နားမှာပဲ ငြိမ်းချမ်းစွာပါဝင်လှုပ်ရှားပြီး ပြည်သူလူထုအတွက် စားစရာတွေဝေမျှခဲ့တဲ့ Rဇာနည်ရဲ့ဇနီးသည်ဝမ်း

//s9.kh1.co/2c/2cbe54e05cb3de8eb31b03b13b01e80c3442de79.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ကလေးတွေနဲ့အတူ အိမ်နားမှာပဲ ငြိမ်းချမ်းစွာပါဝင်လှုပ်ရှားပြီး ပြည်သူလူထုအတွက် စားစရာတွေဝေမျှခဲ့တဲ့ Rဇာနည်ရဲ့ဇနီးသည်ဝမ်း

အဆိုတော်Rဇာနည်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အေးချမ်းသာယာတဲ့ မိသားစုကမ္ဘာလေးကိုလည်း ဇနီးသည်ဝမ်းနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။Rဇာနည်ရဲ့ဇနီးဖြစ်သူဝမ်းကတော့ ချစ်စရာကောင်းတဲ့ သားလေး၂ယောက်နဲ့ သမီးလေး၁ယောက်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပြီး သားအကြီးလေးကို ဖစ်ဖစ်တုန်၊သားအလတ်လေးကိုချစ်ချစ်တုန်၊သမီးအငယ်ဆုံးလေးကို မစ်မစ်တုန်လို့နာမည်ပေးထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit:  Zarni Myo Nyunt ' s Facebook Acc

Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc

Rဇာနည်တို့မိသားစုလေးကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ပုံရိပ်လေးတွေတင်ပေးပြီး ပြသလေ့ရှိကာ ကိုယ်တိုင်လည်း လူထုလှုပ်ရှားမှုမှာ ပါဝင်လျက်ရှိပါတယ်။ ခင်ပွန်းသည်Rဇာနည်တစ်ယောက် လူထုလှုပ်ရှားမှုမှာပါဝင်နေချိန် ဇနီးသည်ဝမ်းကလည်း ပြည်သူတွေအတွက် တက်နိုင်တဲ့ဘက်ကနေ အလှူအတန်းလေးတွေပြုလုပ်ပေးနေခဲ့ပါတယ်။ Rဇာနည်ရဲ့ဇနီးသည်ဖြစ်သူဝမ်းကတော့ ကလေးတွေနဲ့အတူ အိမ်နားမှာပဲ ငြိမ်းချမ်းစွာပါဝင်လှုပ်ရှားပြီး ပြည်သူလူထုအတွက် စားစရာတွေဝေမျှခဲ့ပါတယ်။

Photo Credit:  Zarni Myo Nyunt ' s Facebook Acc
Photo Credit: Zarni Myo Nyunt ' s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc

ဝမ်းကတော့ " အိမ်ရှင်မ များအားလုံးလဲ မိမိအိမ်ရှေ့ မိမိတိုက်အောက် မိမိနေထိုင်တဲ့ရပ်ကွက် အနီးဆုံးလမ်းမတွေမှာထွက်ပြီး မိမိတို့ဆန္ဒများကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ တိုက်တွန်းပါတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝမ်းတို့မိသားစုလေးရဲ့ အင်္ကျီဆင်တူလေးတွေဝတ်ဆင်ပြီး ပြည်သူတွေကို အအေးတွေအလကားပေးဝေနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Myat Thinzar Kyaw Onee : s Facebook Acc

Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Photo Credit: Myat Thinzar Kyaw Onee : s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T