ဂီတရပ်ဝန်းက မောင်နှမတွေနဲ့အတူ ဖန်တီးမှုအသစ်သစ်တွေနဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ မိစန္ဒီ

//s9.kh1.co/1c/1ca100728de55b45aad813780f8d1c482182d379.jpeg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

မိစန္ဒီကတော့ လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ Rap, Hip- Hop, Pop စတဲ့ ဂီတသီချင်းအမျိုးအစားတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။

Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page

မိစန္ဒီက မိန်းကလေး ပရိသတ်ကော ယောင်္ကျားလေး ပရိသတ်ပါ အခိုင်မာရရှိထားသူဖြစ်ကာ သီဆိုဖျော်ဖြေမှုကောင်းမွန်ရုံတင်မကပဲ ဖက်ရှင်ပိုင်းမှာလည်းဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ အမြဲစမတ်ကျလှပနေသူတစ်ယောက်ပါ ။လတ်တလောမှာတော့ မိစန္ဒီက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ အားတက်တရော လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page

သူရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်းဖေ့ဘွတ်စာမျက်နှာထက်မှာ ပရိသတ်တွေ သိရှိနိုင်စေရန် ဖော်ပြလေ့ရှိတာဖြစ်ပါတယ်။အခုလည်း ဂီတရပ်ဝန်းက မောင်နှမတွေနဲ့အတူ ဖန်တီးမှုအသစ်သစ်တွေနဲ့ ပါဝင်လှုပ်ရှားခဲ့ပုံလေးတွေကို ဝေမျှလာတာဖြစ်ပါတယ်။ ပုံလေးတွေနဲ့အတူ "ဒီနေ့ ဂီတမောင်နှများရဲ့ "ဟိုနေ့က လမ်းလျှောက်ပြီး ကြွေးကြော် ဆန္ဒထုတ်ဖော်ပြီးပြီ..ဒီနေ့တော့ အေးဆေး လမ်းဘးမှာ ဆန္ဒထုတ်ဖော်တယ်..ကိုယ့်ရေကူးကန်နဲ့ ကိုယ့်ဖျာနဲ့ကိုယ် Covid law နဲ့လည်း မငြိဘူး..အသံလည်း မဆူပူဘူး..အေးဆေးပဲနော်.. ပြည်သူများကိုအကြမ်းဖက်ခြင်းသည်းခံပါ"ဆိုတဲ့စာလေးကိုပါဖော်ပြခဲ့ရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page
Photo Credit : Mi Sandi Facebook Page

Source & Photo Credit : Mi Sandi Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T