ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားရသလို ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားကောင်းတွေများစွာထွက်ရှိထားတဲ့ အနုပညာရှင်ကတော့ ကိုပေါက်ပဲ ဖြစ်ပါတယ်နော်..။
သရုပ်ဆောင်ဒါရိုက်တာ ကိုပေါက်ဟာ မတည်ငြိမ်သေးတဲ့လတ်တလောအခြေအေတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုပရိသတ်တွေနဲ့အတူ တစ်သွေးတစ်သားတည်း အခိုင်အမာရပ်တည်နေပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတာ တွေ့ရပါတယ်နော်..။
ကိုပေါက်ဟာ နေတိုး၊ မင်းမော်ကွန်းတို့နဲ့အတူ ရှေ့ဆုံးကနေဦးဆောင်ပြီး ဆိုင်းဘုတ်ကိုင်ကာ အခြားသောအနုပညာရှင်ညီအစ်ကိုမောင်နှမတွေ များစွာနဲ့အတူ လူထုလှုပ်ရှားမှုမှာလမ်းလျှောက်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်..။
သန်းနဲ့ချီတဲ့ပြည်သူတွေနဲ့အတူရပ်တည်ပြီး UN ရုံးရှေ့ကို လမ်းလျှောက်ချီတက်ကာကြွေးကြော်ပြီး လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာဖြစ်ပြီး ပြည်သူပရိသတ်တွေ အများအပြားသဘောကျခဲ့ကြတာလည်း တွေ့ရပါတယ်နော်..။
"CDM ကိုပါဝင်ပေးကြပါ။
အားလုံးဘေးကင်းကြပါစေ။.." ဆိုပြီး ကိုပေါက်က အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ ပါဝင်ခဲ့တဲ့ သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။
ပရိသတ်တွေကလည်း အနုပညာရှင်တွေအနေနဲ့ အခုလိုပါဝင်လှုပ်ရှားနေတာတွေကို သဘောကျကျေနပ်မိကြတဲ့အကြောင်းလေးတွေအပြင် အားပေးစကားလေးတွေလည်း အသီးသီးပြောထားကြတာလည်း တွေ့ရပါတယ်နော်..။
သတင်း အရင်းအမြစ်៖ Aung Min Naing's Fb Acc