လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဇာတ်သဘင်လောကရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတွေနဲ့အတူ စည်းစည်းလုံးလုံး သွားရောက်ဝန်းရံခဲ့တဲ့ စွမ်းဇာနည်

//s9.kh1.co/dd/ddbd9afbeb5f329d9abf4dbd05017e60100af169.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ပီပြင်ကောင်းမွန်ရုံသာမကပဲ ဇာတ်သဘင်လောကမှာလည်း နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူလေးကတော့ မင်းသားချောလေး စွမ်းဇာနည်ပဲ ဖြစ်ပါတယ်။ စွမ်းဇာနည်က ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာကိုလည်း ထိန်းသိမ်းထားနိုင်သူဖြစ်လို့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အချစ်တော်တစ်ယောက်ပါ။ 

Photo credit - Swan Zarni's Facebook Page

စွမ်းက အနုပညာအရည်အချင်း ပြည့်ဝသူဖြစ်ပြီး အကပိုင်းမှာလည်း ထူးချွန်တာဖြစ်လို့ သူရဲ့ ဇာတ်ပွဲတွေကို ပရိသတ်တွေက အားပေးကြပါတယ်နော်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ စွမ်းတစ်​ယောက် အနုပညာလောကရဲ့ စီနီယာ အစ်ကို အစ်မတွေကိုလည်း တရင်တနှီးဆက်ဆံတတ်တာကို တွေ့ရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း စွမ်းက အနုပညာမောင်နှမတွေနဲ့အတူ သွားရောက်ဝန်းရံခဲ့ပါသေးတယ်။ 

Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page

စွမ်းက ဇာတ်သဘင်လောကရဲ့ဒိတ်ဒိတ်ကြဲ မင်းသားတွေဖြစ်တဲ့ ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့နဲ့အတူ စည်းစည်းလုံးလုံး သွားရောက်ဝန်းရံခဲ့တာဖြစ်ပြီး အမှတ်တရပုံလေးတွေရိုက်ကူးကာ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာခဲ့ပါတယ်။ အခုလိုအချိန်မျိုးမှာ ပြည်သူတွေနဲ့ တစ်သားတည်း ဝန်းရံခဲ့တဲ့ စွမ်းက " Civil Disobedience ကို ထိထိရောက်ရောက်ဖြစ်စေချင်ပါတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း စွမ်းနဲ့အတူ အခြားသော ဇာတ်မင်းသားတွေရဲ့ ဝန်းရံပုံတွေကို ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page
Photo credit - Swan Zarni's Facebook Page

သတင်း အရင်းအမြစ်Source - Swan Zarni's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T