ပြည်သူတွေနဲ့တသားတည်း ပါဝင်ခဲ့တဲ့အပြင် အရေးကြီးလိုက်နာရမယ့် ပြင်ဆင်စရာအချို့ကို အသိပေးပြောကြားလာတဲ့ တိုင်ရွန်

//s9.kh1.co/a1/a1ea4c9d46cf1e1e00502ba4e97d298cc9cf197e.jpeg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

တိုင်ရွန်က မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထးတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာရရှိလာခဲ့ပြီး တဖြည်းဖြည်းနဲ့ နာမည်ကြီးအောင်မြင်လာတဲ့ တိုင်ရွန်က ကြော်ငြာတွေ ဇာတ်ကားတွေနဲ့ သီချင်းဗီဒီယိုတွေလည်း အဆက်မပြတ်ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ 

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

တိုင်ရွန်ကတော့ ခုလက်ရှိမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ အားမလိုအားမရဖြစ်မိတာကြောင့် သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာထက်မှာ ဝမ်းနည်းခဲ့ရကြောင်းတွေ အဆက်မပြတ်ဖော်ပြခဲ့ပါတယ်။ အခုလည်း လမ်းပေါ်ထွက် လှုပ်ရှားမှုပြုနေတဲ့ ပြည်သူတွေနဲ့အတူ တစ်သားထဲပါဝင်ရပ်တည်ခဲ့ပြန်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

ဒါ့အပြင် "ပြဿနာ တစ်ခုခုဖြစ်လာရင် ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်တော်တို့ပြည်သူဘက်မှာ အစီအစဉ်ရှိရမယ်။ မျက်ရည်ယိုဗုံးဆို အင်္ကျီကိုရေဆွတ်ပြီး အုပ်တာမျိုး၊ ရာဘာကျည်ဆို ရှေ့ဆိုမှာထွက်နေသောလူငယ်တွေက အနည်းဆုံး helmet နဲ့ မျက်မှန်ရှိစေချင်တယ်။ ပြီးတော့ ထီးအရှည် အရိုးမာမာနဲ့ဆိုပိုကောင်း ရေထိုးတာဖြစ်ဖြစ်၊ နေပူတာဒဏ်ကာတာဖြစ်ဖြစ်၊ ရာဘာကျည်ဖြစ်ဖြစ် ကာလိုရတယ်။သွေးအေးပြီး အပျော်ဖက် ရောက်သွားမှာ ကြောက်မိတာ အမှန်ပါ။ ရေရှည်အတွက် plan ရှိစေချင်တယ်။ပြည်သူထဲက ပြည်သူတစ်ယောက်။ " ဆိုတဲ့စာလေးကိုပါရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

Source & Photo Credit : Tyron Bejay Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T