လမ်းမပေါ်မှာပြည်သူတွေကို အင်္ဂလိပ်လိုအရှေ့ကတိုင်ပေးပြီး သံပြိုင်ကြွေးကြော်ကာ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေတဲ့ နန်းစုဦးရဲ့ဗီဒီယို

//s9.kh1.co/bc/bc572bfec7c91401351c8b47d98e3d206c25a4ce.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လမ်းမပေါ်မှာပြည်သူတွေကို အင်္ဂလိပ်လိုအရှေ့ကတိုင်ပေးပြီး သံပြိုင်ကြွေးကြော်ကာ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေတဲ့ နန်းစုဦးရဲ့ဗီဒီယို

မင်းသမီးချောလေး နန်းစုဦးကတော့ သရုပ်ဆောင်ပိုင်းမှာ အင်မတန်ထူးချွန်ပြီး ဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျ ပုံဖော်ဖန်တီးနိုင်တာပဲ ဖြစ်ပါတယ် ။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြား ရိုက်ကူးခဲ့တဲ့ နန်းစုဦးက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နန်းစုဦးက သူမကိုချစ်ခင်အားပေးတဲ့ အမာခံပရိသတ်များစွာကို ပိုင်ဆိုင်ခဲ့ရပြီး ပိုမိုအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page

နန်းစုဦးက လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ နေထိုင်တတ်ပြီး အမြဲတမ်း တက်တက်ကြွကြွရှိသူလေး ဖြစ်ပါတယ် ။ အခုလည်း နန်းစုဦးက သူမချစ်တဲ့ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် နန်းစုဦးကိုယ်တိုင် လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့် ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page

မနေ့ကလည်း နန်းစုဦးက ကန်တော်ကြီးပတ်လမ်းမှာ ပြည်သူလူထုနဲ့အတူ အခိုင်အမာ ရပ်တည်ပြခဲ့တာပဲ ဖြစ်ပါတယ် ။ နန်းစုဦးက ပြည်သူတွေကို အင်္ဂလိပ်လိုအရှေ့ကနေတိုင်ပေးပြီး အားအင်အပြည့်နဲ့ သံပြိုင်ကြွေးကြော်ခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲနိုင်ငံအတွက်တာဝန်ကျေပွန်ပြီး တတ်နိုင်သလောက် စွမ်းဆောင်ပါဝင်နေတဲ့ မင်းသမီးချော နန်းစုဦးရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Nan Su Oo's FB Page Story

Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page
Photo Credit -Nan Su Oo's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T