တိုင်းပြည်အနာဂတ် လှပဖို့ ကိုယ်နိုင်တဲ့ဝန်ကို ကိုယ်ထမ်းဆောင်ကြပါစို့လို့ ထပ်ပီးပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုလိုက်တဲ့ နေတိုး

//s9.kh1.co/6c/6c14ba47c2e709036fa407cb924b3ed77e9145e9.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ....နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ သရုပ်ဆောင် မင်းသားချောလေး နေတိုးကတော့ ဆယ်စုနီးပါး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်း အနုပညာရှင်တွေ ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။နေတိုးဟာ သရုပ်ဆောင်ပိုင်းတွင် ပါရမီရှိတဲ့ အပြင် သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ဗီဒီဇာတ်ကားတွေကို ရိုက်ကူးအောင်မြင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတော့ အကယ်ဒမီဆုကိုပါ ရရှိဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။

Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page

ဒါ့အပြင် အဆိုပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ထပ်မံရရှိကာ စွယ်စုံရအနုပညာရှင် တစ်ဦးဆိုလည်း မမှားပါဘူးနော်......။နေတိုးဟာ အနုပညာအလုပ်ပေါ်တွင် လေးစားပြီး သစ္စာရှိသိလို သူချစ်တဲ့ ပရိသတ်တွေ အပေါ်လည်း တန်ဖိုးထားတဲ့ အပြင် လိုအပ်နေတဲ့ နေရာတွေကိုလည်း တတ်နိုင်သလောက် အလှူအဒါန်းတွေလုပ်နေတာလည်း တွေ့ရပါတယ်။ယခုဖြစ်ပေါ်နေသော အခြေအနေ တစ်ရပ်တွင်လည်း ပြည်သူတွေဘက်ကနေ အမှန်တရားကို ရဲရဲဝင့်ဝင့် အားကြိုးမာန်တတ် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page

သူရဲ့လူမူကွန်ယက် စာမျက်နှာထက် တွင်လည်း "ကျွန်တော်တို့ သားတွေသမီးတွေအနိင်ကျင့်ခံနေရပြီ ကျွန်တော်တို့ တူတွေတူမတွေအနိင်ကျင့်ခံနေရပြီ ကျွန်တော်တို့ ညီတွေညီမတွေအနိင်ကျင့်ခံနေရပြီ ပြည်သူတွေရဲ့သွေးတွေမြေကျနေပါပြီ ဒီအချိန်မှာခင်ဗျားတို့ ရာထူးတွေအလုပ် အကိုင်တွေကို တွယ်တာနေကြသေးရင်တော့...? ကျွန်တော်တို့တွေရင်ကွဲပက်လက်ဖြစ်ရုံမှတပါး... ? ဒါဟာမိမိနိုင်ငံရဲ့ အနာဂတ်ရေးပါ စကားလုံးတွေနဲ့ တဦးအ​ပေါ်တစ်ဦးအပြစ်တင်​ဝေဖန်​နေမဲ့အစား လက်ရှိပစ္စုပန်မှာဒီအ​ခြေအ​နေဆိုးကြီးမှအမြန်ဆုံးလွတ်​မြောက်နိုင်​မဲ့ရှုထောင့်အမျိုးမျိုးကအားလုံးကြိုးစားကြရမှာပါ ..... တိုင်းပြည်အနာဂတ်လှပဖို့ကိုယ်နိုင်တဲ့ဝန်ကိုကိုယ်ထမ်းဆောင်ကြပါစို့...❤? Civil Disobedience Movement ပူပေါင်းကြပါခင်ဗျာ??"ဆိုပြီး စာသားလေးကို မျှဝေထားတာကြောင့် ပရိသတ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page
Photo Credit -Nay Toe FB Page

သတင်း အရင်းအမြစ်Nay Toe FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T