လက်ရှိအခြေအနေမှာ သမီးတွေက သတ္တိအပြည့်နဲ့ တစ်တပ်တစ်အားပါဝင်နေကြလို့ မွေးရကျိုးနပ်ပြီးဂုဏ်ယူနေတဲ့ အေးသောင်းတို့ရဲ့မေမေ

//s9.kh1.co/72/724d3cb1883873f0457140a8afe84046216f6cb0.jpeg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လက်ရှိအခြေအနေမှာ သမီးတွေက သတ္တိအပြည့်နဲ့ တစ်တပ်တစ်အားပါဝင်နေကြလို့ မွေးရကျိုးနပ်ပြီးဂုဏ်ယူနေတဲ့ အေးသောင်းတို့ရဲ့မေမေ

နှင်းဝတ်ရည်သောင်း၊အေးဝတ်ရည်သောင်းနဲ့ဆွိဝတ်ရည်သောင်းတို့ ညီအစ်မသုံးယောက်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်ကိုယ်စီနဲ့ရပ်တည်နေကြတာဖြစ်ပါတယ်။အေးသောင်းကအနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး နှင်းသောင်းကတော့ အနုပညာအလုပ်တွေနဲ့ဝေးကွာနေကာ နိုင်ငံရပ်ခြားမှာနေထိုင်နေတာဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နှင်းသောင်းကို မတွေ့ရတော့ပေမယ့်အမြဲထာဝရအားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Hnin Thaung’s Facebook acc
Photo Credit:Hnin Thaung’s Facebook acc
Photo Credit:Aye Thaung’s Facebook acc
Photo Credit:Aye Thaung’s Facebook acc

နှင်းဝတ်ရည်သောင်းက လက်ရှိမှာဆိုရင် နိုင်ငံရပ်ခြားမှာနေထိုင်နေပေမယ့် မိသားစုနဲ့တော့ အမြဲအဆက်အသွယ်ရှိပြီး အဝေးကနေဂရုစိုက်ပေးနေတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စမှာဆိုရင်လည်း နှင်းသောင်းက နိုင်ငံအတွက်တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်နော်။နှင်းသောင်းကလည်း သူမနေထိုင်ရာလန်ဒန်မှာပဲ Liveတွေလွှင့်ပြီး မြန်မာပြည်သူ၊ပြည်သားတွေနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရှိပြီး ခိုင်ခိုင်မာမာရပ်တည်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Sweet Wutt Yi Thaung’s Facebook Acc
Photo Credit:Sweet Wutt Yi Thaung’s Facebook Acc
Photo Credit:Phyu Phyu Soe’s Facebook Acc
Photo Credit:Phyu Phyu Soe’s Facebook Acc

အေးသောင်းကတော့ မန္တလေးရောက်ရှိနေတာဖြစ်လို့ မန္တလေးကပြည်သူတွေနဲ့အတူ တက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားပြီး ဆွိသောင်းကလည်း ရန်ကုန်မှာ အားတက်သရောစွမ်းဆောင်နေတာဖြစ်ပါတယ်။နှင်းသောင်းတို့ရဲ့မိခင်ကတော့ သမီးသုံးယောက်လုံးက သတ္တိအပြည့်ရှိကြလို့ မွေးရကျိုးနပ်ပြီး ဂုဏ်ယူနေတာဖြစ်ပါတယ်။နှင်းသောင်းတို့ညီအစ်မသုံးယောက်လုံးကလည်း တစ်ယောက်တစ်နေရာစီ ရောက်နေကြပေမယ့် စိတ်တူကိုယ်တူရှိကြပြီး နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ တာဝန်ကျေပွန်နေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Phyu Phyu Soe’s Facebook Acc
Photo Credit:Phyu Phyu Soe’s Facebook Acc
Photo Credit:Phyu Phyu Soe’s Facebook Acc
Photo Credit:Phyu Phyu Soe’s Facebook Acc

Source&Photo Credit:Phyu Phyu Soe’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T