တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါ၀င်ကာ လူထုနဲ့အတူအခိုင်အမာရပ်တည်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင် သုသု

//s9.kh1.co/71/71fc0a179b5b70759353d44cad9abc6d52e5a711.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့အပြင် ဟာသလေးတွေလည်း မကြာခဏပြောတတ်တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကိုပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အမြဲတက်တက်ကြွကြွနဲ့နေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ပရဟိတအလုပ်တွေမှာလည်း အားတက်သရောကူညီပေးလေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်.....။

Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင်တွေလည်း ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ ၀န်းရံနေကြတာကိုပရိသတ်ကြီးလည်း တွေ့မြင်ကြမယ်ထင်ပါတယ်။ ဒီထဲမှာဆိုရင် အမြဲလိုလိုတက်တက်ကြွကြွနဲ့ ပရိသတ်တွေကိုကူညီအားဖြည့်ပေးတတ်တဲ့ သုသုတစ်ယောက်လည်း ပြည်သူပရိသတ်တွေနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပေးနေတာလည်းဖြစ်ပါတယ်နော်.....။

Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page

အခုလိုပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပေးခဲ့တဲ့ ပုံရိပ်တွေကို သုသုဟာသူမရဲ့ Facebookစာမျက်နှာမှာ "ခြောက်နေပေမဲ့ ကြောက်မနေဘူး?လူပဲ မကြောက်ဖူးရှိမလား သေနတ်နဲပစ်သေမှာလေ ?ဓါတုဆေးရည်နဲ့ဖျန်းမျက်စိကန်းမှာလေ ကိုယ်တွေမျိုးဆက်မှာ အကြောက်တရား ဆိုတာကြီး အဆုံးသတ်ဖို့ ဒီနေ့လည်း လမ်းပေါ် ရောက်ခဲ့ပြန်ပါပြီ......" ဆိုပြီးရေးသားကာ သူမရဲ့ရပ်တည်ချက်ကိုချပြလာခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် သုသုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page
Photo credit-Nyi Nyi Maung's Facebook page

သတင်း အရင်းအမြစ်Nyi Nyi Maung's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T