တန်ဖိုးရှိလွန်းတဲ့ ကိုယ့်အသက်တွေကိုကာကွယ်ရန်အတွက် ထိပ်တိုက်မတိုးကြဖို့ ပြည်သူတွေကို တောင်းဆိုလိုက်တဲ့ ခင်သဇင်

//s9.kh1.co/95/959969ec29ff8ceb6c9164e0b7b3fc2138eb5db9.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တန်ဖိုးရှိလွန်းတဲ့ ကိုယ့်အသက်တွေကိုကာကွယ်ရန်အတွက် ထိပ်တိုက်မတိုးကြဖို့ ပြည်သူတွေကို တောင်းဆိုလိုက်တဲ့ ခင်သဇင်

မင်းသမီးချောခင်သဇင်ကတော့ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ခင်သဇင်ကတော့ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ပါဝင်နေသူတစ်ယောက်ဖြစ်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ခင်သဇင်ကတော့ ယခုမှာ တန်ဖိုးရှိလွန်းတဲ့ ကိုယ့်အသက်တွေကိုကာကွယ်ရန်အတွက် ထိပ်တိုက်မတိုးကြဖို့ လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။ သူမကတော့ " ယနေ့ ဘာအကြောင်းတွေပဲ ဖြစ်လာ ဖြစ်လာ ထိပ်တိုက်မတိုးပါနဲ့.... ပြေးပါ။ လွတ်အောင်ရုန်းပါ ။တန်ဖိုးရှိတဲ့ ကိုယ့်အသက်ကို ကာကွယ်ပါ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc

သူမကတော့ " အရှက်မဲ့ ရမ်းကားတတ်တဲ့ လူတစ်စုဆီမှာ ကိုယ့်အသက်တွေ ပေးဆပ်လိုက်ရတာ မတန်ပါ။ယနေ့ ဘာကြီး ပဲဖြစ်လာ ဖြစ်လာ အင်အား မသုံးနဲ့ ဉာဏ်ပဲ သုံးပါတဖက်မှလည်း CDM ကိုယခုထပ်ပိုမို ပါဝင်ပေးကြပါ။တို့ပြည်သူတွေ ညီရမယ်...အောင်ရမယ်... အောင်ရမယ်.. "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ခင်သဇင်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Khin Thazin ' s Facebook Acc

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T