ပြည်သူ့ဆန္ဒနဲ့ထပ်တူ နှစ်ရက်ဆက်တိုက်လုံး အင်တိုက်အားတိုက်ပါဝင်ပြီး အနုပညာမောင်နှမတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတဲ့ အူဝဲတို့စုံတွဲ

//s9.kh1.co/1a/1aeb86101d1715cb3132f50e46f26b4ea70b0032.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူ့ဆန္ဒနဲ့ထပ်တူ နှစ်ရက်ဆက်တိုက်လုံး အင်တိုက်အားတိုက်ပါဝင်ပြီး အနုပညာမောင်နှမတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတဲ့ အူဝဲတို့စုံတွဲ

မင်းသားချော ပြေတီဦးနဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်တို့ကတော့ အနုပညာလောကမှာ နှစ်အတော်ကြာအောင် လျှောက်လှမ်းခဲ့တဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ကြပါတယ်။ သရုပ်ဆောင်တော်လွန်းလို့ အကယ်ဒမီဆုတွေပါ ရရှိခဲ့ကြတဲ့ ပြေတီဦးနဲ့ အူဝဲတို့ဇနီးမောင်နှံက ယနေ့အချိန်အထိတိုင်အောင် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ အူဝဲတို့ဇနီးမောင်နှံက သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပြီး သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ရရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Zaw Zaw Aung's FB Acc
Photo Credit-Zaw Zaw Aung's FB Acc
Photo Credit-Zaw Zaw Aung's FB Acc
Photo Credit-Zaw Zaw Aung's FB Acc

လက်ရှိမှာတော့ ပြေတီဦးနဲ့ အူဝဲတို့ဇနီးမောင်နှံက ကလေးတွေကိုအိမ်မှာထားခဲ့ပြီး သူတို့နှစ်ယောက်လုံး လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ပြလိုက်တာပဲ ဖြစ်ပါတယ် ။ အူဝဲတို့က လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဟာဆိုရင် နှစ်ရက်တိတိရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ထပ်တူထပ်မျှဆောင်ရွက်နေတဲ့ အူဝဲတို့စုံတွဲလေးကို ပရိသတ်တွေကလည်း ချီးကျူးအားပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Zaw Zaw Aung's FB Acc
Photo Credit-Zaw Zaw Aung's FB Acc
Photo Credit-Eaindra Kyaw Zin's FB Page Story
Photo Credit-Eaindra Kyaw Zin's FB Page Story

မနေ့ကဆိုရင်လည်း အူဝဲတို့ဇနီးမောင်နှံက သူမတို့အနုပညာလောကသားတွေနဲ့ပါ အတူတကွပူးပေါင်းပြီး ပါဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ နှစ်ရက်ဆက်တိုက်လုံး အင်တိုက်အားတိုက်နဲ့ တက်တက်ကြွကြွလှုပ်ရှားနေတဲ့ အူဝဲတို့စုံတွဲလေးကတော့ အရမ်းကိုအတွဲညီနေတာ ဖြစ်ပါတယ် ။ ကဲ အနုပညာညီအစ်ကို မောင်နှမတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Eaindra Kyaw Zin's FB Page Story & Zaw Zaw Aung's FB Acc

Photo Credit-Eaindra Kyaw Zin's FB Page Story
Photo Credit-Eaindra Kyaw Zin's FB Page Story
Photo Credit-Eaindra Kyaw Zin's FB Page Story
Photo Credit-Eaindra Kyaw Zin's FB Page Story
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T