သမီးလေးကိုပွေ့ချီထားပြီး လှည်းတန်းတံတားပေါ်မှာ ပြည်သူတွေနဲ့အတူပူးပေါင်းရပ်တည်ကာ ခွန်အားရှိသမျှပါဝင်လှုပ်ရှားခဲ့တဲ့ အနဂ္ဂ

//s9.kh1.co/b2/b2a77c4fecde00c5ce4e5fb0cf18acf48ac5bf1c.jpeg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

သမီးလေးကိုပွေ့ချီထားပြီး လှည်းတန်းတံတားပေါ်မှာ ပြည်သူတွေနဲ့အတူပူးပေါင်းရပ်တည်ကာ ခွန်အားရှိသမျှပါဝင်လှုပ်ရှားခဲ့တဲ့ အနဂ္ဂ

ပြည်သူချစ်တေးသံရှင်တွေဖြစ်ကြတဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ချစ်ချစ်ခင်ခင်နဲ့ နှစ်ကိုယ်တူဘဝလေးကို ဖြတ်သန်းလာခဲ့ကြတာ သမီးလေးတစ်ယောက်တောင် ထွန်းကားထားပြီဖြစ်ပါတယ်နော်။အခုချိန်ထိလည်း အနဂ္ဂနဲ့သံသာဝင်းတို့က ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့အတူ လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။အနဂ္ဂနဲ့သံသာဝင်းတို့ဇနီးမောင်နှံကတော့ တစ်ခေတ်တစ်ခါကတည်းက လူကြိုက်များခဲ့တဲ့အဆိုတော်တွေဖြစ်တာကြောင့် သူတို့ရဲ့သီချင်းလေးတွေက ယနေ့ခေတ်ထိ ရေပန်းစားနေဆဲဖြစ်ပါတယ်နော်။

Photo Credit:Than Thar Win’s Facebook Acc
Photo Credit:Than Thar Win’s Facebook Acc
Photo Credit:Than Thar Win’s Facebook Acc
Photo Credit:Than Thar Win’s Facebook Acc

အနဂ္ဂနဲ့သံသာဝင်းတို့ဇနီးမောင်နှံက သူတို့ရဲ့တစ်ဦးတည်းသောသမီးလေးကိုလည်း အရမ်းချစ်ပြီး မိဘမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးကြတာဖြစ်ပါတယ်နော်။အနဂ္ဂနဲ့သံသာဝင်းတို့က သမီးလေးရဲ့အနာဂတ်တောက်ပဖို့အတွက်အစွမ်းကုန်ကြိုးစားဆောင်ရွက်နေတာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာလည်း ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။အနဂ္ဂနဲ့သံသာဝင်းတို့ဇနီးမောင်နှံက စိတ်တူကိုယ်တူရှိကြလို့ လမ်းမပေါ်လည်း အတူတူထွက်ပြီး ရဲရင့်စွာလှုပ်ရှားနေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Than Thar Win’s Facebook Acc
Photo Credit:Than Thar Win’s Facebook Acc
Photo Credit:Anegga’s Facebook Acc
Photo Credit:Anegga’s Facebook Acc
Photo Credit:Anegga’s Facebook Acc
Photo Credit:Anegga’s Facebook Acc

အနဂ္ဂနဲ့သံသာဝင်းတို့ဇနီးမောင်နှံကလည်း သမီးလေးကိုပါခေါ်ပြီး လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကိုမျက်မြင်ပြသခဲ့တာဖြစ်ပါတယ်နော်။အနဂ္ဂကတော့ နေပူကြီးထဲမှာ သမီးလေးကိုပွေ့ချီထားပြီး အများပြည်သူနဲ့အတူ ခွန်အားရှိသမျှပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ယခုလိုအချိန်မျိုးမှာ အနဂ္ဂတို့တစ်မိသားစုလုံးကလည်း ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့လမ်းမပေါ်ထွက်ပြီး ကိုယ်တက်စွမ်းသလောက် ပါဝင်ကူညီကြတဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Anegga’s Facebook Acc
Photo Credit:Anegga’s Facebook Acc
Photo Credit:Anegga’s Facebook Acc
Photo Credit:Anegga’s Facebook Acc

Source&Photo Credit:Anegga’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T