လတ်တလောဖြစ်ပေါ်နေ​သော လူထုလှုပ်ရှားမှုတွင်ပြည်သူတွေအတွက်စားစရာမုန့်အချို့ဝေပေးကာပါဝင်အားဖြည့်ခဲ့တဲ့ သင်ဇာ

//s9.kh1.co/5a/5ab768ea994245366797c056d706bf53f79efae0.jpeg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၁ ၁၂am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  သင်ဇာဝင့်ကျော်ကတော့  ခေတ်အဆက်ဆက်  ပရိသတ်တွေရဲ့  အားပေးမှုတွေများစွာကို  သိမ်းပိုက်ရရှိထားတဲ့  ပြည်သူချစ်  အနုပညာရှင်တစ်ဦးလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေအပေါ်မှာလည်း  အမြဲစေတနာထားပြီး  အရေးကြုံလာရင်လည်း  ပြည်သူတွေနဲ့အတူ  တစ်သားတည်းရပ်တည်ပေးနေတဲ့  မင်းသမီးတစ်လက်လည်း  ဖြစ်ပါတယ်။ သူမရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကြောင့်လည်း  အားလုံးရဲ့ ချီးကျုးမှုတွေကိုရရှိထားတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Thin Zar Wint Kyaw’s Facebook Account 

သင်ဇာဟာ  လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေတွေမှာလည်း  တတ်နိုင်တဲ့ဘက်ကနေ  ပါဝင်ဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်ရက်ပိုင်းတွေကလည်း  အဓိဌာန်ဝင်ကာ မြန်မာပြည်ငြိမ်းချမ်းစေရန်  ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေပြီး  သူမပြုလုပ်တဲ့  အလှူတွေကိုလည်း  ၇ ရက်သားသမီးအပေါင်းအန္တရာယ်ကင်းဘေးရှင်းကြပါစေဆိုပြီး  ဆုတောင်းပေးထားတာလည်း ဖြစ်ပါတယ်။ 

Photo Crd-Thin Zar Wint Kyaw’s Facebook Account 
Photo Crd-Thin Zar Wint Kyaw’s Facebook Account 
Photo Crd-Thin Zar Wint Kyaw’s Facebook Account 
Photo Crd-Thin Zar Wint Kyaw’s Facebook Account 
Photo Crd-Thin Zar Wint Kyaw’s Facebook Account 
Photo Crd-Thin Zar Wint Kyaw’s Facebook Account 

မနေ့ညကလည်း  သင်ဇာဝင့်ကျော်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု  တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  လတ်တလောဖြစ်ပေါ်နေ​သော လူထုလှုပ်ရှားမှုတွင်ပြည်သူတွေအတွက်စားစရာမုန့်အချို့ဝေပေးကာပါဝင်အားဖြည့်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  သူမကလည်း " မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ ??????" ဆိုပြီး ရေးသားထားတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေအတွက်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thin Zar Wint Kyaw’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T