လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်သူ့လှုပ်ရှားမှုတွေမှာ ခိုင်ခိုင်မာမာနဲ့အားကြိုးမာန်တက်ပါဝင်လာတဲ့ နေတိုးရဲ့ဗီဒီယို

//s9.kh1.co/55/558d1f8474191320e4206878107025cff1e63a38.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ ထိပ်တန်းအနုပညာရှင် အကယ်ဒမီမင်းသားချောတစ်ဦးဖြစ်တဲ့ နေတိုးကလည်း ပြည်သူလှုပ်ရှားမှုတွေမှာ ပါဝင်လာပါတယ်နော်..။

လတ်တလောမှာ မတည်ငြိမ်သေးတဲ့ပြည်တွင်းရေးအခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေအများအပြားပြုလုပ်နေကြတဲ့ လူထုလှုပ်ရှားမှုတွေကို တော်တော်များများ တွေ့မြင်ကြရပါတယ်နော်..။

Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc

အခုတစ်ခါမှာလည်း နေတိုးဟာ အခြားသောအနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ လက်သုံးချောင်းထောင်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုမှာ ပြည်သူပရိသတ်တွေနဲ့အတူ တစ်သွေးတစ်သားတည်းပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်နော်..။

(၄)ရက်မြောက်ဖြစ်တဲ့ လမ်းပေါ်ထွက်လှုပ်ရှားမှုမှာ ပြည်သူလူထုနဲ့ ရဲရဲဝင့်ဝင့်နဲ့ ပါဝင်လာခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေကိုဝေမျှလာတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc

"အနေခက်လို့?နေထွက်တာတောင်

အတိတ်နိမိတ်ဆောင်တဲ့နေ့

?ရုပ်ရှင်?သဘင် ?ဂီတညီမျှတဲ့ပီသမှုတွေအတွက်..????????

ဒါဟာမိမိနိုင်ငံရဲ့ အနာဂတ်ရေးပါ စကားလုံးတွေနဲ့ တဦးအပေါ်တစ်ဦးအပြစ်တင်ဝေဖန်နေမဲ့အစား လက်ရှိပစ္စုပန်မှာဒီအခြေအနေဆိုးကြီးမှမြန်ဆုံးလွတ်မြောက်နိုင်မဲ့ရှုထောင့်အမျိုးမျိုးကအားလုံးကြိုးစားကြရမှာပါ .....

တိုင်းပြည်အနာဂတ်လှပဖို့ကိုယ်နိုင်တဲ့ဝန်ကိုကိုယ်ထမ်းဆောင်ကြပါဆို..❤?.." ဆိုပြီး လူထုလှုပ်ရှားမှုတွေကို နေတိုးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားတာပါ..။

တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေနဲ့အတူတစ်တက်တစ်အားပါဝင်ခဲ့တဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြပြီး အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc
Photo Credit - Nay Toe's Fb Acc

သတင်း အရင်းအမြစ်Nay Toe's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T