လက်တလောဖြစ်ပေါ်နေတဲ့ ပြည်သူ့လှုပ်ရှားမှုမှာ ပြည်သူတွေကို ဓာတ်ဆားရည်ဘူး ၃၆၀ လှူရင်း ပါဝင်အားဖြည့်ပေးခဲ့တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော

//s9.kh1.co/93/938e3833f97da5a7bc81ae6ef7909f7334adff35.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ် အချစ်တော် နေဝင်းနဲ့ အိမ့်ချစ်ချော ကတော့ လက်ရှိအချိန်မှာ ပြည်သူတွေ အတွက် တတ်နိုင်သလောက် အလှူလေးတွေလုပ်နေတာနဲ့ ပတ်သတ်ပြီး ချပြလာတာပဲ ဖြစ်ပါတယ်။ နေဝင်းနဲ့ အိမ့်ချစ်ချော ဟာ မကြာသေးမှီကပဲ ထိမ်မြားလက်ထက်ခဲ့ကြပြီး အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ချော အပေါ် နေဝင်းရဲ့ ကြင်နာ ယုယပြီး ဂရုစိုက်တက်မှုတွေကြောင့် ပရိသတ်တွေ အားကျရတဲ့ အနုပညာ ရှင်တွေထဲက အတွဲတစ်တွဲလည်း ဖြစ်ပါတယ်။

Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account

လက်ရှိအချိန်မှာ အိမ့်ချစ်ချောဟာ Blogger တစ်ယောက် အဖြစ် လျှောက်လှမ်းနေပြီး နေဝင်းကတော့ ဂီတ လမ်းကို တစိုက်မက်မက် လျှောက်လှမ်းနေကာ နှစ်ယောက်စလုံး ပရိသတ်တွေ ကိုယ်စီ အခိုင်အမာ ရရှိထားတာ ပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ပြည်သူတွေနဲ့ အတူ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ တတ်နိုင်သလောက် ပြည်သူတွေကို ပါဝင်အားဖြည့်ပေးခဲ့တာနဲ့ ပတ်သတ်ပြီး မျှဝေလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account

နေဝင်းနဲ့ အိမ့်ချစ်ချောဟာ လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်သူ့လှုပ်ရှားမှုမှာ ပြည်သူတွေ အတွက် ဓာတ်ဆားရည်ဘူး ၃၆၀ ကိုလှူရင်းပါဝင် အားဖြည့်ပေးခဲ့တာကို အိမ့်ချစ်ချောရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

"Edit.မနက်ဖြန် အဖြူရောင်ဝတ်မယ်

ဒီနေ့ ဆူးလေမှာ ဓာတ်ဆားရည်ဘူး ၃၆၀ ကို လှုရင်းနဲ့ အားဖြည့်

ပြည်သူတွထဲကပြည်သူပါ

အားတင်းထားကြပါ

CDM က အရမ်းထိရောက်ပါတယ် ... ဆက်လုပ်ကြပါ ....." ဆိုပြီး ဒီနေ့ အလှူက ပုံလေးတွေနဲ့ အတူ ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်......။

Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account
Photo Crd - Travel Kueen's FB account

သတင်း အရင်းအမြစ်Travel Kueen's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T