ရန်ကုန်ပြန်ရောက်ရောက်ခြင်းမှာပဲ ပြည်သူ လူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ မေကဗျာ

//s9.kh1.co/6e/6e45602a2f57f2ee2c3d740bde36a1ab1c461bbb.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ် အချစ်တော် မေကဗျာကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ အမျိုးရေးလှုပ်ရှားမှုတွေမှာ တက်အား သလောက် ပါဝင်အားဖြည့်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ ဗီဒီယို ခေတ်ကတည်းက အဓိက ဇာတ်ဆောင် နေရာကနေ သရုဆောင်လာခဲ့ရင်း အနုပညာလောကထဲ ရောက်ရှိလာတဲ့ သူတစ်ဦး ပဲ ဖြစ်ပါတယ်။ယခု အချိန်မှာတော့ အနုပညာ အလုပ်တွေကို ဖြေးဖြေး မှန်မှန်လေး လုပ်ဆောင်နေကာ ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။

Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account

ဆယ်စုနှစ် တစ်စုကြာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မေကဗျာကတော့ ယခုအချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေကာ အနုပညာ အလုပ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ အမျိုးသား ရေးလှုပ်ရှားမှုတွေမှာ ပြည်သူတစ်ယောက် အနေ နဲ့ကိုယ်တိုင်ဦးဆောင်ပါဝင် ခဲ့တာ နဲ့ပတ်သတ်ပြီး သူမရဲ့ လှုမှု ကွန်ယက် စာမျက်နှာမှာ ပရိသတ်တွေအတွက် ချပြလိုက်တာပဲ ဖြစ်ပါတယ်။လတ်တလော ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှု အနေနဲ့ လှုပ်ရှားမှု ပေါင်းစုံ လုပ်နေကြတာပဲ ဖြစ်ပါတယ်။

Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account

မေကဗျာကတော့ လှုပ်ရှားမှုတွေ ထဲမှာ အနုပညာရှင် တစ်ယောက် အနေနဲ့ ပြည်သူ လူထု ဘက်ကနေ ပါဝင် အားဖြည့်ပေးခဲ့တာ ပဲ ဖြစ်ပါတယ်။ ရန်ကုန်ပြန်ရောက်ရောက်ခြင်းမှာပဲ ပြည်သူ လူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ အတူ

"ကြောက်လို့မထွက်တာ မဟုတ်သလို

ပြောလို့ထွက်လာတာလည်းမဟုတ်ဘူး

ရန်ကုန်မှာရှိလို့ကတော့ နေ့တိုင်းလမ်းပေါ်မှာပဲ...."ဆိုပြီး ရန်ကုန်မှာ ရှိလို့ကတော့ နေတိုင်းလမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့ အတူ ပူးပေါင်းဆောင်ရွတ်မှုတွေ လုပ်နေမှာလို့ ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်.....။

Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account
Photo Crd - May Kabyar's FB account

သတင်း အရင်းအမြစ်May Kabyar's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T