ဇင်ဝိုင်း၊ခင်လှိုင်၊ပြေတီဦး၊နေတိုးတို့နဲ့အတူ လက်ခုပ်တီးပြီး သီချင်းတွေညီညီညာညာဆိုကာ ပြည်သူတွေကြားမှာပါဝင်ခဲ့တဲ့ လူမင်းရဲ့ဗီဒီယို

//s9.kh1.co/93/932999f14abaf3c3be8ba40e86771b26b9843ebf.jpeg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.......

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး လူမင်းကိုတော့ပရိသတ်ကြီး ခုချိန်ထိ အားပေးချစ်ခင်နေအုံးမယ်ထင်ပါတယ်။လူမင်းကို ပရိသတ်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ လည်းခေါ်ကြတာတွေ့ရပါတယ်။လူမင်းဟာ သရုပ်ဆောင်ပိုင်းမှာလည်း မည်သည့်ဇာတ်ရုပ်ကိုမဆို ပီပြင်အောင်သရုပ်ဆောင်တက်ပြီး အနုပညာလောကမှာ ဘက်စုံအရည်းချင်းရှိတဲ့ သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေ အသဲစွဲဖြစ်နေရခြင်းဖြစ်ပါတယ်။

Photo Credit : Ayarwady  Lumin Facebook Account
Photo Credit : Ayarwady Lumin Facebook Account
Photo Credit : Ayarwady  Lumin Facebook Account
Photo Credit : Ayarwady Lumin Facebook Account

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေအပါအဝင် လူမင်း၊ဇင်ဝိုင်း၊ခင်လှိုင်၊ပြေတီဦး စတဲ့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေတော်တော်များများကလည်း လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့ကြသလို အစားသောက်များစွာကို လည်း ရက်ရက်ရောရော လှူဒါန်းခဲ့ကြတာတွေ့ရပါတယ် ။

Photo Credit : Ayarwady  Lumin Facebook Account
Photo Credit : Ayarwady Lumin Facebook Account
Photo Credit : Ayarwady  Lumin Facebook Account
Photo Credit : Ayarwady Lumin Facebook Account

ဒီနေ့မှာလည်း လူမင်းက အနုပညာမောင်နှမတွေစုံစုံလင်လင်နဲ့ လက်ခုပ်တီးကာ သီချင်းတွေညီညီညာညာဆိုရင်း ပြည်သူတွေနဲ့အတူ တစ်သားထဲ လှုပ်ရှားပါဝင်ခဲ့တဲ့ ဗီဒီယိုနဲ့ ပုံရိပ်လေးတွေကို သူရဲ့ဖေ့ဘွတ်အကောင့်မှာ ဝေမျှလာတာဖြစ်ပါတယ်။ ပရိသတ်လည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

Photo Credit : Ayarwady  Lumin Facebook Account
Photo Credit : Ayarwady Lumin Facebook Account
Photo Credit : Ayarwady  Lumin Facebook Account
Photo Credit : Ayarwady Lumin Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T