လူထုလှုပ်ရှားမှုတွေမှာ ရဲရဲရင့်ရင့်နဲ့တက်ကြွစွာပါဝင်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ကြွေးကြော်နေတဲ့ လူမင်းတို့ဇနီးရဲ့ဗီဒီယို

//s9.kh1.co/d3/d3793f343d6f4540c0d99c20f50f7a2bcc98688e.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်တော်တော်များများ နေရာအနှံ့အပြားမှာ ပြည်သူတွေသန်းနဲ့ချီ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်နော်..။

အနုပညာရှင်တွေ တော်တော်များများပါဝင်လာကြတဲ့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ဝါရင့်သရုပ်ဆောင်အကယ်ဒမီမင်းသားတစ်ဦးဖြစ်တဲ့ လူမင်းကလည်း ပရိသတ်တွေနဲ့အတူ ပါဝင်လာခဲ့ပါတယ်နော်..။

Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc

လူမင်းတို့ဇနီးမောင်နှံတို့အပြင် ဦးဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့အပြင် သရုပ်ဆောင်၊ ဂီတ၊ သဘင်စတဲ့ အခြားသောအနုပညာနယ်ပယ်အသီးသီးက အနုပညာရှင်တွေများစွာလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်..။

ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်းတတ်နိုင်တဲ့ဘက်ကနေ တက်ညီလက်ညီနဲ့တက်တက်ကြွကြွ အားဖြည့်ပါဝင်လှုပ်ရှားနေကြတာကိုလည်း ပရိသတ်တွေ တွေ့မြင်ကြရမှာပါနော်..။

Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc

လက်တလောမှာလည်း လူမင်းတို့ဇနီးမောင်နှံဟာ လူထုလှုပ်ရှားမှုတွေမှာ ရဲရဲရင့်ရင့်နဲ့တက်ကြွစွာပါဝင်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ကြွေးကြော်နေတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကို ဝေမျှလာပါတယ်နော်..။

အများပြည်သူလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်နေကြတဲ့ အနုပညာရှင်တွေရဲ့ အပင်ပန်းခံကြိုးစားမှုတွေကိုလည်း အားပေးချီးကျူးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - Ayarwady Lu Min's Fb Acc
Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - U Kaung Kyaw's Fb Acc

သတင်း အရင်းအမြစ်Ayarwady Lu Min's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T