နာမည်ကြီးအနုပညာရှင်တွေများစွာနဲ့အတူ ယနေ့ ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မင်းမော်ကွန်း

//s9.kh1.co/a3/a3e52fb9caeb5ae3eab53a88808b6f670753642f.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

နာမည်ကြီးအနုပညာရှင်တွေများစွာနဲ့အတူ ယနေ့ ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မင်းမော်ကွန်း

သရုပ်ဆောင်မင်းမော်ကွန်းကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်နေရာယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေများစွာကိုလည်း ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ မင်းမော်ကွန်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းကတော့ ဖြစ်ပွားနေတဲ့ လက်ရှိအ​ခြေအနေနဲ့ပတ်သက်ပြီး သူရဲ့ခံယူချက်နဲ့အမြင်တွေကို ကိုယ်တိုင်Facebook Accမှာ မကြာခဏတင်ပေးလေ့ရှိပါတယ်။မင်းမော်ကွန်းကတော့ ယခုမှာ နာမည်ကြီးအနုပညာရှင်တွေများစွာနဲ့ ယနေ့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသခဲ့ပါတယ်။သူကတော့ မနေ့ကလည်း ပြည်သူတွေများစွာနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့သေးတာပဲဖြစ်ပါတယ်။

Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc

ယနေ့မှာပြုလုပ်တဲ့လူထုလှုပ်ရှားမှုမှာ နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦးတို့ဇနီးမောင်နှံ၊ကိုပေါက်၊ကျော်ကျော်ဗိုလ်၊ဇင်ဝိုင်း၊မင်းမော်ကွန်းစတဲ့ သရုပ်ဆောင်တွေပါ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။အားပေးတဲ့ပရိသတ်တွေကတော့ သူတို့ချစ်ခင်ရတဲ့အနုပညာရှင်တွေပါ အခုလိုပါဝင်ကြလို့ ဝမ်းသာနေခဲ့ကြပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Kyaw Kyaw Htay Lwin ' s Facebook Acc

Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Photo Credit: Kyaw Kyaw Htay Lwin ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T