မန္တလေးမြို့မှာ ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး ရဲဝင့်စွာပါဝင်လှုပ်ရှားလာတဲ့ မြင့်မြတ်ရဲ့ဗီဒီယို

//s9.kh1.co/cc/ccbf4c396754821eb02d23f76c885d69c90e0782.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးတို့ရေ.. များပြားလှတဲ့ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာဟာ ဒီကနေ့ဆိုရင် ၄ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်နော်..။

ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်လှုပ်ရှားနေကြတဲ့ နာမည်ကျော်ထိပ်တန်းအနုပညာရှင်တွေထဲမှာလည်း ပြည်သူတွေနဲ့အတူလိုက်ပါဖို့အတွက်အားလုံးကမျှော်လင့်နေတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ မြင့်မြတ်တစ်ယောက်ပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်..။

Photo Credit - Myint Myat's Fb Page
Photo Credit - Myint Myat's Fb Page
Photo Credit - Myint Myat's Fb Page
Photo Credit - Myint Myat's Fb Page

မန္တလေးမြို့မှာ လူထောင်သောင်းမကများပြားလွန်းတဲ့ ပြည်သူတွေနဲ့အတူပါဝင်လှုပ်ရှားလာခဲ့တာဖြစ်ပြီး မြင့်မြတ်နဲ့အတူ ကေညီနဲ့ ညီထွဋ်ခေါင်တို့ကလည်း ပါဝင်လာကြတာလည်း ပရိသတ်တွေတွေ့မြင်ကြရမှာပါနော်..။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် မြင့်မြတ်တို့သူငယ်ချင်းတွေဟာ အခုလို ပြည်သူလူထုနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားလာခဲ့တဲ့အတွက် အားလုံးကလည်း ကျေနပ်သဘောကျနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Myint Myat's Fb Page
Photo Credit - Myint Myat's Fb Page
Photo Credit - K Nyi's Fb Acc
Photo Credit - K Nyi's Fb Acc

"မန္တလေးမြို့မှာ ပြည်သူတွေနဲ့ထပ်တူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေပါတယ် ခင်ဗျာ.." ဆိုပြီးတော့ ပြည်သူလူထုနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တဲ့ပုံရိပ်လေးတွေအပြင် ဗီဒီယိုဖိုင်လေးကိုလည်း အများပြည်သူပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

မြင့်မြတ်တို့ သူငယ်ချင်းတွေဟာ လမ်းပေါ်ထွက်ပြီး လက်သုံးချောင်းထောင်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ကြတာကိုလည်း ပြည်သူပရိသတ်တွေက အားပေးချီးကျူးနေကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Myint Myat's Fb Page
Photo Credit - Myint Myat's Fb Page

သတင်း အရင်းအမြစ်Myint Myat's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T