ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ မော်ဒယ်လ် လုလုအောင်

//s9.kh1.co/5b/5bb5639b8ab7d6fc6b69d98c5851a1499331d610.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကြောင့် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူလေးကတော့ မော်ဒယ်လ် လုလုအောင်ပဲ ဖြစ်ပါတယ်။ လုလုအောင်က Single Motherတစ်ယောက်ဖြစ်ပေမယ့်လည်း ဘဝကို အလျှော့မပေးပဲ ကြိုးစားရပ်တည်နေတာဖြစ်လို့ သူမရဲ့ စိတ်ဓာတ်လေးကို မိန်းကလေးအချင်းချင်းကပါ သဘောကျနှစ်သက်နေရတာပါ။ လုလုအောင်က သူမရဲ့ ဘဝကို ပွင့်ပွင့်လင်းလင်း ချပြထားပြီး ရပ်တည်ရှင်သန်နေတာကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ ခေးကြီးလုလို့ ခေါ်ကြပါတယ်နော်။ 

Photo credit - Lulu Aung's Facebook Account

ခေးကြီးလုဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်လေ့ရှိသူဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကြောင့် အောင်မြင်မှုတွေလည်း များစွာပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ခေးလုတစ်ယောက် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားရပါတယ်နော်။ အခုလို မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ခေးလုကလည်း ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးခဲ့ပါတယ်။

Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account

ခေးလုက ဒီကနေ့ မနက်အစောပိုင်းအချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာ ပြည်သူတွေနဲ့အတူ ဝန်းရံရပ်တည်ပေးခဲ့တဲ့ ပုံလေးတွေကို မျှဝေလာရင်း " အုတ်တချပ်သဲတပွင့်လေးဘဲဖြစ်ဖြစ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာခဲ့တာဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေနဲ့အတူ စည်းစည်းလုံးလုံး ရပ်တည်ဝန်းရံပေးခဲ့တဲ့ မော်ဒယ်လ် လုလုအောင်အတွက် ပရိသတ်တွေက ကောမန့်မှာ အားပေးစကားလေးတွေပြောခဲ့ပါအုန်းနော်။ 

Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account
Photo credit - Lulu Aung's Facebook Account

သတင်း အရင်းအမြစ်Source - Lulu Aung's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T