ပြည်သူတွေအမောပြေသောက်ရအောင် ရေသန့်တွေဝေပေးတဲ့အပြင် လမ်းပေါ်ကအမှိုက်တွေကိုပါကောက်ပြီး ပြန်သိမ်းပေးခဲ့တဲ့ လွင်မိုး

//s9.kh1.co/3d/3d7601ec2fdcb9b99cd2019b93f90dc4075cae81.jpg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေအမောပြေသောက်ရအောင် ရေသန့်တွေဝေပေးတဲ့အပြင် လမ်းပေါ်ကအမှိုက်တွေကိုပါကောက်ပြီး ပြန်သိမ်းပေးခဲ့တဲ့ လွင်မိုး

မင်းသားချောကြီးတစ်လက်ဖြစ်တဲ့လွင်မိုးကတော့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ပြီး ရုပ်ရှင်ဇာတ်ကားတွေများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ လွင်မိုးကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ကာ အေးချမ်းသာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo  Credit: Lwin Moe ' s Facebook Acc
Photo Credit: Lwin Moe ' s Facebook Acc
Photo  Credit: Lwin Moe ' s Facebook Acc
Photo Credit: Lwin Moe ' s Facebook Acc

လွင်မိုးကတော့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့အမြင်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာပြန်လည်မျှဝေပေးလေ့ရှိပါတယ်။ သူကတော့ လူထုလှုပ်ရှားမှုမှ အားမာန်အပြည့်နဲ့ ပါဝင်နေကြတဲ့ ပြည်သူတွေမောနေချိန်သောက်လို့ရအောင် ရေသန့်တွေအများကြီးကို ပေးဝေလှူဒါန်းခဲ့ပါတယ်။ လွင်မိုးကတော့ ပြည်သူတွေအမောပြေသောက်ရအောင် ရေသန့်တွေဝေပေးတဲ့အပြင် လမ်းပေါ်ကအမှိုက်တွေကိုပါကောက်ပြီး ပြန်သိမ်းပေးနေခဲ့ပါတယ်။

Photo  Credit: Lwin Moe ' s Facebook Acc
Photo Credit: Lwin Moe ' s Facebook Acc
Photo  Credit: Lwin Moe ' s Facebook Acc
Photo Credit: Lwin Moe ' s Facebook Acc
Photo  Credit: Lwin Moe ' s Facebook Acc
Photo Credit: Lwin Moe ' s Facebook Acc

လွင်မိုးကတော့ "လမ်းပေါ်မှာ(အမှိုက်များပြန်လည်သိမ်းယူခဲ့ပါတယ်) "ဆိုပြီး အမှိုက်သိမ်းနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လွင်မိုးရဲ့လေးစားစရာကောင်းတဲ့ အဆိုပါလုပ်ရပ်လေးကြောင့် ပရိသတ်တွေကတော့ ချီးကျူးနေကြပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောကြီးလွင်မိုးရဲ့ ရေသန့်တွေပေးဝေတဲ့အပြင် အမှိုက်တွေပါသိမ်းပေးနေတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။

Source: Lwin Moe ' s Facebook Acc

Photo  Credit: Lwin Moe ' s Facebook Acc
Photo Credit: Lwin Moe ' s Facebook Acc
Photo  Credit: Lwin Moe ' s Facebook Acc
Photo  Credit: Lwin Moe ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T