ပြည်သူတွေနဲ့တစ်သားတည်းရှိတာကြောင့်လက်ရှိအခြေအနေပေါ်မှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီး ဝန်းရံခဲ့ကြတဲ့ သူထူးစံတို့ဇနီးမောင်နှံ

//s9.kh1.co/3e/3ef290752dc51a5382042fae1fc155345da90dee.jpeg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေနဲ့တစ်သားတည်းရှိတာကြောင့်လက်ရှိအခြေအနေပေါ်မှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီး ဝန်းရံခဲ့ကြတဲ့ သူထူးစံတို့ဇနီးမောင်နှံ

မင်းသားကြီးသူထူးစံကတော့ အနုပညာအလုပ်တွေအတူတူတွဲလုပ်ရင်း မေတ္တာမျှလာတဲ့ သရုပ်ဆောင်ထိုက်ဆုဝင်းနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပြီဖြစ်ပါတယ်။သူထူးစံနဲ့ထိုက်ဆုဝင်းတို့ဇနီးမောင်နှံနှစ်ယောက်ကအပြန်အလှန်နားလည်မှုအပြည့်ပေးပြီး ပေါင်းသင်းနေထိုင်ကြလို့ အရမ်းသာယာတဲ့အိမ်ထောင်ရေးလေးဖြစ်ပါတယ်နော်။သူထူးစံကလည်း အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို တစိုက်မက်မက်နဲ့ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc

ထိုက်ဆုဝင်းကတော့ ချစ်ခင်ပွန်းအတွက် ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့ သေချာဂရုစိုက်ပေးပြီး လိုအပ်သမျှကိုအမြဲဖြည့်ဆည်းပေးတတ်တဲ့ ဇနီးအလိမ္မာလေးဖြစ်ပါတယ်နော်။သူထူးစံတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို ပရိသတ်တွေကလည်း အရမ်းချစ်ကြပြီး အမြဲအားပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း သူထူးစံတို့ဇနီးမောင်နှံကစိတ်တူကိုယ်တူနဲ့ လမ်းမပေါ်ထွက်ပြီး နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc

သူထူးစံနဲ့ထိုက်ဆုဝင်းတို့က ဆူးလေဘက်ကိုသွားရောက်ပြီး အများပြည်သူနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာဖြစ်ပါတယ်။သူထူးစံတို့ဇနီးမောင်နှံကတော့ နေပူကြီးထဲမှာ မရေမတွက်နိုင်သောလူအုပ်ကြီးကြားထဲကို အရောက်သွားပြီး သတ္တိအပြည့်နဲ့ ရဲရင့်စွာလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်နော်။အခုလိုအချိန်မှာ သူထူးစံနဲ့ထိုက်ဆုဝင်းတို့ကလည်း အိမ်ထဲမှာပဲမနေဘဲ လမ်းမပေါ်ထွက်ကာ ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်ကြလို့ ပြည်သူလူထုလည်း ပိုမိုအားတက်ရအောင် သူတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc
Photo Credit:Htike Hsu’s Facebook Acc

Source&Photo Credit:Htike Hsu’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T