ရဲရင့်တက်ကြွနေတဲ့လူအုပ်ကြီးရဲ့နောက်ကနေ အမှိုက်အိတ်ကိုင်ကာ လမ်းပေါ်ကအမှိုက်တချို့ကို လိုက်ကောက်ပြီး ပါဝင်လှုပ်ရှားနေတဲ့G Fatt

//s9.kh1.co/81/81262c2c66a25b53743f42cbdf568cee48ddbd89.jpeg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

ရဲရင့်တက်ကြွနေတဲ့လူအုပ်ကြီးရဲ့နောက်ကနေ အမှိုက်အိတ်ကိုင်ကာ လမ်းပေါ်ကအမှိုက်တချို့ကို လိုက်ကောက်ပြီး ပါဝင်လှုပ်ရှားနေတဲ့G Fatt

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေတဲ့ G Fattကတော့ လူငယ်အဆိုတော်လည်းဖြစ်တာကြောင့် လူငယ်ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပါတယ်နော်။ G Fattက နောက်ထပ်လည်း ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းအသစ်လေးတွေကို ဆက်လက်ဖန်တီးနေတာဖြစ်ပါတယ်။ G Fattရဲ့ ထွက်ရှိခဲ့သမျှသီချင်းဟောင်းလေးတွေကလည်း အချိန်တိုင်း နားထောင်လို့ကောင်းနေဆဲဖြစ်ကာ ဘယ်တော့မှမရိုးသွားတဲ့အချစ်သီချင်းလေးတွေဖြစ်ပါတယ်နော်။

Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc

G Fattက သီချင်းတွေကို ကိုယ်တိုင်ရေးစပ်သီကုံးတာကြောင့် သူ့ရဲသီချင်းတိုင်းက စာသားလေးတွေဟာဆိုရင်အဓိပ္ပါယ်အပြည့်ရှိလို့ ရင်ထဲရောက်စေပါတယ်နော်။ G Fattကတော့ လူငယ်ပီပီ ပျော်ပျော်နေတတ်ပြီး အမြဲတမ်းတက်ကြွဖျက်လက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း G Fattက မန္တလေးမြို့ကို ရောက်ရှိနေတာဖြစ်ပြီးလတ်တလောဖြစ်ပွါးနေတဲ့အခြေအနေတွေကို ရောက်ရာအရပ်မှာပဲ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့အတူ တက်ကြွစွာပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်နော်။

Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc

G Fattရဲ့ သူငယ်ချင်းတွေကလည်း သူနဲ့စိတ်တူကိုယ်တူရှိကြလို့ အခုလိုအခြေအနေမျိုးမှာ အားကျိုးမာန်တက်ပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။G Fattတို့ သူငယ်ချင်းတစ်စုကတော့ အမှိုက်အိတ်တွေကိုင်ကာ ရဲရင့်တက်ကြွနေတဲ့ လူအုပ်ကြီးရဲ့ နောက်ကနေ အမှိုက်တချို့ကို လိုက်ကောက်နေတာပဲဖြစ်ပါတယ်နော်။G Fattတို့လိုလူငယ်တွေအနေနဲ့ နိုင်ရာဝန်ကိုမျှထမ်းကြပြီး တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေကြတဲ့ ပုံရိပ်လေးတွေကိုပရိသတ်တွေလည်း တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc
Photo Credit:G Fatt’s Facebook Acc

Source&Photo Credit:G Fatt’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T