နေပူထဲမှာမောပန်းနေကြတဲ့ပြည်သူတွေအတွက်တတ်နိုင်တဲ့ဘက်ကနေ ဓာတ်ဆားထုတ်တွေလှူဒါန်းကာ ပါဝင်အားဖြည့်ကူညီပေးခဲ့တဲ့ ချစ်သုဝေ

//s9.kh1.co/df/df6252a58a3921c22b803a888c5ba221797973b3.jpeg
အနုပညာရှင်များ

 ၀၉-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ချစ်သုဝေကတော့  ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့  အနုပညာအလုပ်တွေကို  ကြိုးစားလုပ်ကိုင်ရင်း  ရှေ့ဆက်လျှောက်လှမ်းနေတဲ့  ပြည်သူချစ်  မင်းသမီးတစ်လက်လည်း  ဖြစ်ပါတယ်။  သမီးလေးနှစ်ယောက်မွေးဖွားပြီးနောက်ပိုင်းမှာတော့   ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ  ရိုက်ကူးခြင်းမရှိတော့ဘဲ  သီချင်းဘက်ကိုသာ  ဇောက်ချလုပ်ကိုင်ဖြစ်နေတာလည်း  ဖြစ်ပါတယ်။  ဘယ်ကိစ္စမဆို  ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပေးတဲ့အတွက်လည်း  အားလုံးရဲ့ ချီးကျုးမှုတွေကို ရရှိထားနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 

ချစ်သုဝေဟာ  လက်ရှိမှာ  ဖြစ်ပေါ်နေတဲ့  အခြေအနေတွေနဲ့  ပတ်သက်ပြီးတော့လည်း  ပြောမပြတတ်အောင်ကို  ဝမ်းနည်းနေတာလည်း  ဖြစ်ပါတယ်။  ပြည်သူတွေအတွက်  တတ်နိုင်တဲ့ဘက်ကနေ  ကူညီလုပ်ကိုင်  ဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ချစ်သုဝေရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ဓာတ်ပုံတစ်ချို့  တင်ပေးထားတာလည်း  ဖြစ်ပါတယ်။  ဒါကတော့  နေပူထဲမှာပင်ပန်းနေကြတဲ့ပြည်သူတွေအတွက်တတ်နိုင်တဲ့ဘက်ကနေ ဓာတ်ဆားထုတ်တွေလှူဒါန်းကာ ပါဝင်အားဖြည့်ကူညီပေးခဲ့တဲ့ ချစ်သုဝေရဲ့ ပုံလေးတွေပဲ  ဖြစ်ပါတယ်။

Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 

သူမကလည်း " ရင်ထဲကိုစို့နေတာပဲ..

ကျွန်မတို့ အားကိုးရမယ့် မောင်ငယ် ညီမငယ်လေးတွေ...

စည်းကမ်းလည်းရှိ စည်းလည်းစည်းလုံးကြတယ်

အားလုံးကို လုံခြုံနေစေချင်မိတာတော့အမှန်ပဲ..

ရင်ထဲစို့လွန်းပြီး မျက်ရည်တောင်မကျနိုင်တာကြီးကွာ...

လုပ်ရက်လိုက်ကြတာ.." ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Chit Thu Wai’s Facebook Page 

Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 
Photo Crd-Chit Thu Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T