ရင်ဘက်ချင်းတူတဲ့ ဘက်တော်သားများ အတွက် စုထားတဲ့ အနုပညာကြေးလေးတွေနဲ့ နေ့စဉ် နိုင်သလောက် ကူညီမယ်ဆိုတဲ့ ပိုးကြာဖြူခင်

//s9.kh1.co/21/212e061f281a2d10389ddbdc71fbbd88028cb877.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ အနုပလောကထဲကို MRTV-4 ဇာတ်လမ်းတွဲတွေကနေ တစ်ဆင့် ဝင်ရောက်လာတာ ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်ပီပြင်ချက်တွေကြောင့် ပရိသတ်တွေ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရယူထားနိုင်တဲ့ မင်းသမီးချောလေး ဆိုလည်း မမှားပါဘူးနော်......။သူမပါဝင်သရုပ်ဆောင်ထားတဲ့ "မိုးကောင်းကင်အိမ်မက်" ဇာတ်လမ်းတွဲဟာဆိုရင်လည်း လက်ရှိမှာပြန်လည်ပြသနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ထပ်မံရရှိထားတာ ပဲဖြစ်ပါတယ်။

Photo Credit -Poe Kyar Phyu Khin FB Page

ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်အပေါ်ကို တန်ဖိုးထားလုပ်ကိုင်သူလေး ဖြစ်တဲ့အပြင် သူမချစ်တဲ့ ပရိသတ်တွေကိုလည်း လေးစားကာ ဘာလုပ်လုပ် ပရိသတ်တွေကို ချကြလေ့ရှိတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ကြောင့် သူမဟာ ပြည်သူတွေနဲ့အတူ လမ်းမထက်တွင် တစ်သားတည်း ရပ်တည်ဆောင်ရွက်ကာ တစ်ဖက်တစ်လမ်းကနေလည်း ပြည်သူတွေ အတွက် အချိုရည်၊မုန့်၊သကြားလုံးတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းနေတာလည်း တွေ့ရပါတယ်နော်......။

Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page

သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင်လည်း "နေ့လည် ၁၂ နာရီ ဆူးလေ ????❤️ရင်ဘက်ချင်းတူတဲ့ ဘက်တော် သားများအတွက် အချိုရည် မုန့် နဲ့ သကြားလုံး များပေးဝေခဲ့ပါတယ် စုထားတဲ့အနုပညာကြေးလေးတွေနဲ့ နေ့စဉ် နိုင်သလောက် ကူညီပေးပါမယ် ??"ဆိုတဲ့ ကြည်နူးစရာ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို ဝေမျှပေးလာတာ ဖြစ်ပါတယ်။ကဲ.....ချစ်ပရိသတ်တွေကလည်း ပိုးကြာဖြူခင်ရဲ့ စိတ်ထားလေးကို သဘောကျ နှစ်သက်မှာအမှန်ပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page

သတင်း အရင်းအမြစ်Poe Kyar Phyu Khin Fb Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T