ပြည်သူတွေနဲ့ အတူ ယုံကြည်ရာ ပန်းတိုင်တစ်ခုအတွက် တက်တက်ကြွကြွပါဝင်လာတဲ့ လမင်းကဗျာ

//s9.kh1.co/bb/bb82033a22acaa163c38ddd9a3e612a4588baf03.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ .....ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေကို သရဖူဆောင်းထားတဲ့ သူကတော့ လမင်းကဗျာပဲ ဖြစ်ပါတယ်။သူမကတော့ ဗီဒီယိုဇာတ်ကားတွေ ခေတ်တည်းက ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးလာသူ ဖြစ်ပြီး ဇာတ်ကောင်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အများအပြားရရှိကာ အခုချိန်ထိ အနုပညာလောကမှာ ရပ်တည်နေတဲ့ သူဖြစ်ပါတယ်နော်.......။

Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB Account
Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB Account
Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB Account

သူမကတော့ ပရိသတ်တွေအပေါ် စေတနာထားကာ လေးစားမှုလည်း အပြည့်ရှိတဲ့အပြင် ရင်းနှီးဖော်ရွှေစွာ ဆက်ဆံတတ်ပေးတတ်တဲ့သူလေး ဖြစ်ပါတယ်။လက်ရှိမှာတော့ ပြည်သူတွေနဲ့အတူ ဝန်းရံပေးနေတာကြောင့် ပရိသတ်တွေကလည်း သူမကို ပိုချစ်ခင်အားပေးဝန်းရံနေကြတာလည်း တွေ့ရပါတယ်နော်.....။အခုဆိုရင်လည်း လမင်းကဗျာဟာ သူမကိုယ်တိုင် ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားကာ တတ်တတ်ကြွကြွ ဆန္ဒဖော်ထုတ်ရေးမှာ အားကြိုးမာန်တတ် လုပ် ဆောင်နေတာ ပဲဖြစ်ပါတယ်။

Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB Account
Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB Account

အနုပညာရှင်တွေအများအပြား လမ်းမပေါ်ထွက်ပြီး လှုပ်ရှားနေတဲ့ အထဲမှာ လမင်းကဗျာဟာလည်း အပါအဝင်ဖြစ်ကာ သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "အမေစုကျန်းမာပါစေ"ဆိုတဲ့စာသားနဲ့အတူ လမ်းမထက်မှာ ဆန္ဒဖော်ထုတ်နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ချစ်ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း လမင်းကဗျာကို ဆက်လက် အားပေးနိုင်ဖို့အတွက် ပုံရိပ်လေးအချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်......။

Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB Account
Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB  Account
Photo Credit-Lamin Kabyar FB Account

သတင်း အရင်းအမြစ်Lamin Kabyar FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T