ပြည်သူတွေနဲ့အတူရပ်တည်နိုင်ဖို့ သဘင်အစည်းအရုံးကနေ နှုတ်ထွက်လိုက်တဲ့အကြောင်း တရားဝင်ပြောကြားလာတဲ့ သဘင်အနုပညာရှင်များ

//s9.kh1.co/3c/3c2afec772e7b9b53db4d8e609dfebd46b30a46a.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေနဲ့အတူ အနုပညာရှင်တော်တော်များများကလည်း ပြည်သူအားလုံးနဲ့ တန်းတူရပ်တည်နေကြတာလည်း အများအပြားတွေ့မြင်ရပါတယ်နော်..။

နယ်ပယ်အသီးအသီးအလွှာအသီးသီးက အနုပညာရှင်တွေကလည်း ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့ကြသလို သဘင်အနုပညာရှင်တွေလည်း အားတက်တရောပါဝင်ခဲ့ကြတာကိုလည်း ပရိသတ်တွေ တွေ့မြင်ကြရဦးမှာပါ..။

Photo Credit - Phoe Chit's Fb Acc
Photo Credit - Phoe Chit's Fb Acc
Photo Credit - Phoe Chit's Fb Acc
Photo Credit - Phoe Chit's Fb Acc

သဘင်ဥက္ကဋ္ဌဖြစ်တဲ့ဖိုးချစ်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နိုင်ဖို့အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံးကနေ နှုတ်ထွက်ကြောင်း အသိပေးပြောကြားခဲ့ကြပါတယ်..။

ဖိုးချစ်နဲ့အတူ အခြားသောသဘင်အနုပညာရှင်တွေဖြစ်ကြတဲ့ သဘင်အစည်းအရုံးရဲ့ ပြန်ကြားရေးမှူးဖြစ်တဲ့ ပတ္တမြားကေခိုင်၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းနဲ့ ဦးကောင်းကျော်ကလည်း အသီးသီးနှုတ်ထွက်ခဲ့ကြတာ တွေ့ရပါတယ်..။

Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc
Photo Credit - Han Zar Moe Win's Fb Acc
Photo Credit - Han Zar Moe Win's Fb Acc
Photo Credit -Padamyar Kkhine's Fb Acc
Photo Credit -Padamyar Kkhine's Fb Acc

အဆိုပါနှုတ်ထွက်ခဲ့တဲ့အကြောင်းကိုတော့ အနုပညာရှင်တွေက သူတို့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ တရားဝင်အသိပေးပြောကြားခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

တစ်သက်လုံးတန်ဖိုးထားမြတ်နိုးခဲ့ရတဲ့ အနုပညာအလုပ်နဲ့ ရာထူးတွေကို စွန့်လွှတ်ကာ တတ်နိုင်သလောက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ကြတဲ့ သဘင်အနုပညာရှင်တွေကိုအတွက်လည်း ပြည်သူပရိသတ်တွေက လေးစားဂုဏ်ယူကာ ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - U Kaung Kyaw's Fb Acc
Photo Credit - San Min's Fb Acc
Photo Credit - San Min's Fb Acc

သတင်း အရင်းအမြစ်Phoe Chit's Fb Acc & San Min's Fb Acc & U Kaung Kyaw's Fb Acc & Han Zar Moe Win's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T