ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ လှည်းတန်းစင်တာအရှေ့မှာစုဝေးပြီး နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ရပ်တည်နေတဲ့ဖွေးဖွေးနဲ့ခင်ဝင့်ဝါ

//s9.kh1.co/9a/9a1456f5e28bcc811457783672ee7ac8807fc2e2.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ လှည်းတန်းစင်တာအရှေ့မှာစုဝေးပြီး နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ရပ်တည်နေတဲ့ ဖွေးဖွေးနဲ့ခင်ဝင့်ဝါ

ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေဖြစ်ကြတဲ့ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့ကတော့ အနုပညာလောကမှာ နာမည်ရအောင်မြင်နေပြီးသား ဖြစ်ပါတယ် ။ ချစ်ခင်အားပေးသူ ပရိသတ်တွေကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ သူမတို့နှစ်ယောက်က အနုပညာအလုပ်တွေကိုလည်း အတူတကွ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အပြင်မှာဆိုရင်လည်း ဖွေးဖွေးတို့အနုပညာညီအစ်မနှစ်ယောက်က ချစ်ချစ်ခင်ခင်ရှိပြီး အရမ်းကို ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်နော်။

Photo Credit-Kyaw Kyaw Win's FB Acc
Photo Credit-Kyaw Kyaw Win's FB Acc
Photo Credit-Kyaw Kyaw Win's FB Acc
Photo Credit-Kyaw Kyaw Win's FB Acc

ဒီနေ့မှာတော့ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့နှစ်ယောက်က အနုပညာမောင်နှမတွေနဲ့အတူ လှည်းတန်းစင်တာအရှေ့မှာ တွေ့ဆုံနေတာပဲ ဖြစ်ပါတယ် ။ ဖွေးဖွေးတို့အပြင် မင်းသားအလင်းရောင်၊ အဆိုတော်မေ၊ အဆိုတော်မိစန္ဒီနဲ့ အခြားနာမည်ကြီးအနုပညာရှင်တွေကလည်း အတူတူပါဝင်စုဝေးပြီး ရောက်ရှိလာကြတာ ဖြစ်ပါတယ် ။ ဖွေးဖွေးတို့အနုပညာရှင်တစ်စုကတော့ သူမတို့ချစ်ရတဲ့ပရိသတ်တွေနဲ့ တစ်သားတည်း ရပ်တည်ပြီး တက်ညီလက်ညီ ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khin Wint Wah's FB Page 
Photo Credit-Khin Wint Wah's FB Page 
Photo Credit-Khin Wint Wah's FB Page 
Photo Credit-Khin Wint Wah's FB Page 
Photo Credit-Phway Phway's FB Page 
Photo Credit-Phway Phway's FB Page 

အခုချိန်မှာ နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ရပ်တည်ပေးနေကြတဲ့ ဖွေးဖွေးတို့အနုပညာရှင်တစ်စုကို ပရိသတ်တွေကလည်း အောက်ကနေ အပြတ်အသတ် ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ် ။ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့ကလည်း နေပူကြီးထဲမှာတောင် ပရိသတ်တွေနဲ့အတူ အားသွန်ခွန်စိုက်ပြီး ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ ကဲ လှည်းတန်းစင်တာအရှေ့မှာ ပရိသတ်တွေနဲ့အတူ ပူးပေါင်းပါဝင်နေတဲ့ ဖွေးဖွေးတို့အနုပညာရှင်တစ်စုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Khin Wint Wah's FB Page & Kyaw Kyaw Win's FB Acc

Photo Credit-Kyaw Kyaw Win's FB Acc
Photo Credit-Kyaw Kyaw Win's FB Acc
Photo Credit-Khin Wint Wah's FB Page 
Photo Credit-Khin Wint Wah's FB Page 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T