လက်ရှိအခြေအနေအတွက် ပြည်သူတွေနဲ့တစ်သားတည်းဖြစ်အောင် ကားနဲ့လှည့်လည်ပြီး ရပ်တည်ခဲ့တဲ့ ဆုအိမ့်စံ

//s9.kh1.co/9f/9f77251d10bc51fee71318befb5be3c5bd56d397.jpeg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လက်ရှိအခြေအနေအတွက် ပြည်သူတွေနဲ့တစ်သားတည်းဖြစ်အောင် ကားနဲ့လှည့်လည်ပြီး ရပ်တည်ခဲ့တဲ့ ဆုအိမ့်စံ

မင်းသမီးတစ်လက်ဖြစ်တဲ့ ဆုအိမ့်စံဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ကြော်ငြာတွေမှာ နေရာယူခဲ့လို့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။ပုရိသတွေကြားမှာ သူမရဲ့အလှအပတွေကလည်းအရမ်းရေပန်းစားနေတာဖြစ်လို့ ဆွဲဆောင်မှုအပြည့်ရှိတဲ့မင်းသမီးလေးဖြစ်ပါတယ်။ဆုအိမ့်စံက လက်ရှိမှာလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ကာ ပြည်သူချစ်အနုပညာရှင်အဖြစ် အနုပညာလောကမှာ ရပ်တည်နေတာဖြစ်ပါတယ်နော်။

Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc

ဆုအိမ့်စံက သူမကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအပေါ်မှာလည်း လေးစားမှုအပြည့်ရှိပြီး ရင်းရင်းနှီးနှီးနေပေးတတ်တဲ့သူဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့စိတ်ထားလေးကြောင့် ချစ်ခင်အားပေးရကျိုးနပ်ပြီး အမြဲဝန်းရံနေကြတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း ဆုအိမ့်စံက လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။ဆုအိမ့်စံက သူမကိုယ်တိုင်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် အားကျိုးမာန်တက်ပါဝင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc

ဆုအိမ့်စံတို့ အနုပညာရှင်တစ်စုက လမ်းမပေါ်ထွက်ကြပြီး တစ်တပ်တစ်အားပါဝင်ကြလို့ အားရကျေနပ်ဖို့ကောင်းပါတယ်နော်။ဆုအိမ့်စံကလည်း သူမရဲ့ကားလေးကို အမိုးဖွင့်ထားပြီး မတ်တပ်ရပ်ကာ အများနည်းတူလှုပ်ရှားခဲ့တာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ အနုပညာရှင်တွေကလည်း တတ်အားသ၍စွမ်းဆောင်ကြလို့ ကြက်သီးတဖြန်းဖြန်းထရလောက်အောင် ပီတိဖြစ်ဖို့ကောင်းတဲ့အခြေအနေဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်နေတဲ့ဆုအိမ့်စံရဲ့ပုံရိပ်လေးတွေကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc
Photo Credit:Hsu Eaint San’s Facebook acc

Source&Photo Credit:Hsu Eaint San’s Facebook acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T