ရိုးရိုးသားသားရှာဖွေထားတဲ့ သူတို့ရဲ့ချွေးနှဲစာထဲကနေ ပြည်သူ့ဝန်ထမ်းတွေအတွက် တတ်အားသရွေ့ကူညီပေးလိုက်တဲ့အူဝဲတို့စုံတွဲ

//s9.kh1.co/95/95ff7ce3da7880678c9e21ee45efd2da2231de6a.jpg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရိုးရိုးသားသားရှာဖွေထားတဲ့ သူတို့ရဲ့ချွေးနှဲစာထဲကနေ ပြည်သူ့ဝန်ထမ်းတွေအတွက် တတ်အားသရွေ့ကူညီပေးလိုက်တဲ့အူဝဲတို့စုံတွဲ

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသားချော ပြေတီဦးနဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်တို့ကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ် ။ ပြေတီဦးတို့ဇနီးမောင်နှံက အင်မတန်ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်တာကြောင့် အားလုံးက အားကျနေရတာလည်း ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကို အတူလက်တွဲကာ လုပ်ကိုင်နေကြတဲ့ သူတို့စုံတွဲလေးက အမြဲတမ်း စိတ်တူကိုယ်တူရှိကြတာပဲ ဖြစ်ပါတယ် ။

Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page

ပြေတီဦးတို့ဇနီးမောင်နှံက လက်ရှိကာလမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ပြီး နိုင်ငံအတွက် အကောင်းဆုံးကြိုးစားနေကြတာပဲ ဖြစ်ပါတယ် ။ အခုလည်း ပြေတီဦးနဲ့အူဝဲတို့ စုံတွဲက ပြည်သူ့ဝန်ထမ်းတွေအတွက် သူတို့တတ်နိုင်သလောက် ပါဝင်ကူညီလိုက်တာ ဖြစ်ပါတယ် ။ ပြေတီဦးတို့စုံတွဲက ပြည်သူ့ဝန်ထမ်းတွေအတွက် အလှူငွေ သိန်း (၃၀) ကျပ်တိတိကို သူတို့ရဲ့ကိုယ်ပိုင်ချွေးနှဲစာထဲကနေ ရက်ရက်ရောရောလှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page

ဒီအကြောင်းကို အူဝဲက "ယခု သတင်းကို မှန်တယ် မမှန်ဘူး အတု၊ အစစ်တွေ ဖြစ်နေကြလို့ အူဝဲတို့အနေနဲ့ CD မှာပါဝင်တဲ့ပြည်သူ့ဝန်ထမ်းတွေအတွက် တကယ်လှူဒါန်းပါကြောင်းကို ယခု blue mark ရထားတဲ့ page မှာ တင်လိုက်ပါတယ်ရှင်....ပြည်သူတစ်ယောက်အနေနဲ့ အကျွန်ုပ်တို့၏ ရိုးသားစွာ ရှာဖွေထားသော ချွေးနှဲစာထဲမှ တတ်အားသရွေ့ကူညီပေးပါမည်။" ဆိုပြီး အလှူငွေ လှူဒါန်းတဲ့အကြောင်းကို အားလုံးသိအောင် အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေကလည်း ပြေတီဦးနဲ့အူဝဲတို့စုံတွဲကို ချီးကျူးနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit -Eaindra Kyaw Zin's FB Page

Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit -Eaindra Kyaw Zin's FB Page
Photo Credit-Amazing Grace
Photo Credit-Amazing Grace
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T