လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် ရေသန့်ဘူးတွေအလုံအလောက်မှာပြီး ပြည်သူတွေကို တစ်စိတ်တစ်ပိုင်း ကူညီပေးနေတဲ့ လွင်မိုး

//s9.kh1.co/31/31f0770388d736d0966dbd2c6b8411c2c784fbf3.jpeg
အနုပညာရှင်များ

 ၀၈-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် ရေသန့်ဘူးတွေအလုံအလောက်မှာပြီး ပြည်သူတွေကို တစ်စိတ်တစ်ပိုင်း ကူညီပေးနေတဲ့ လွင်မိုး

အကယ်ဒမီမင်းသားကြီးတစ်လက်ဖြစ်တဲ့လွင်မိုးကတော့ အနုပညာလောကမှာ တစ်ခေတ်တစ်ခါကတည်းကရေပန်းစားလူကြိုက်များခဲ့တဲ့သူဖြစ်ပါတယ်နော်။လွင်မိုးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာဆိုရင်လည်း ယနေ့ခေတ်လူငယ်တွေတောင် ကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်။လွင်မိုးကလည်း ငယ်စဉ်အချိန်အခါက အရမ်းချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးခဲ့ကြတာဖြစ်ပါတယ်နော်။လွင်မိုးက အခုချိန်မှာဆိုရင် ကိုယ်ပိုင်မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc

လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေတာကြောင့် သူမကိုချစ်ကြတဲ့ပရိသတ်အများအပြားရှိပါတယ်နော်။လွင်မိုးတို့တစ်မိသားစုလုံးက စိတ်သဘောထားပြည့်ဝကြလို့လူချစ်လူခင်ပေါများနေကြတာဖြစ်ပါတယ်။လွင်မိုးကတော့ မိသားစုအပေါ်မှာလည်း အိမ်ထောင်ဦးစီးကောင်းတစ်​ယောက်ပီသစွာ ဂရုစိုက်ပေးသလို အလှူအတန်းတွေလည်း အမြဲလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်းလွင်မိုးက လတ်တလောဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေမှာ အားကျိုးမာန်တက်ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်နော်။

Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc

လွင်မိုးကတော့ လက်ရှိကာလမှာ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ပါဝင်လှုပ်ရှားနေကြတဲ့ ပြည်သူလုထုကို အရမ်းအားပေးနေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် လူကြီး၊လူငယ်မရွေး ပြည်သူအကုန်လုံးက လမ်းမပေါ်ထွက်ကြပြီးငြိမ်းချမ်းစွာလှုပ်ရှားနေကြတာဖြစ်ပါတယ်။လွင်မိုးကလည်း ပြည်သူလုထုကို ဝေပေးဖို့အတွက် ရေသန့်ဘူးတွေအလုံအလောက်မှာယူပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးလိုက်တာဖြစ်လို့ ကြည်နူးပီတိဖြစ်စရာအကြောင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc
Photo Credit :Lwin Moe’s Facebook acc

Source&Photo Credit :Lwin Moe’s Facebook acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T