လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြည်သူတွေနဲ့တန်းတူရပ်တည်နိုင်ဖို့ သဘင်အစည်းအရုံးမှ နှုတ်ထွက်လိုက်တဲ့ ဖိုးချစ်

//s9.kh1.co/df/dfee04d379e7cb792b4e03818b742c98e80b8e5b.jpg
အနုပညာရှင်များ

 ၀၇-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် ဇာတ်မင်းသား ဖိုးချစ်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေသူတစ်ဦးဖြစ်ပြီး ဘက်စုံတော်တဲ့ သူတစ်​ယောက်ပါ။ သူရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အချင်းတွေကြောင့် ပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတာဖြစ်ပါတယ်။ အောက်ခြေဘဝကနေ ကြိုးစားလျှောက်လှမ်းလာခဲ့တဲ့ ဖိုးချစ်က ဘဝမမေ့တတ်ပဲ လူငယ်တွေကိုလည်း အမြဲလမ်းညွှန်ပြသတတ်တာလည်း ဖြစ်ပါတယ်။ 

Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 

ကိုယ်ပိုင်ဇာတ်သဘင်ကို တည်ထောင်ထားနိုင်တဲ့ ဖိုးချစ်က သဘင်အစည်းအရုံးမှာလည်း ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပါတယ်။ ဥက္ကဋ္ဌ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နေတဲ့ ဖိုးချစ်က လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်ကြောင့် ထင်မှတ်မထားလောက်တဲ့ တုန့်ပြန်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စိတ်ဓာတ်ပြတ်သားတဲ့ ဖိုးချစ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့မှာ သဘင်အစည်းအရုံး(ဗဟို)ကနေ ဥက္ကဌတာဝန်ကို နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။

Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နိုင်ဖို့ သဘင်အစည်းအရုံးမှ နှုတ်ထွက်လိုက်တဲ့ ဖိုးချစ်ကတော့ ပရိသတ်အားပေးမှုကို ယခင်ကထက်ပိုမိုရရှိခဲ့ပါသေးတယ်။ ဖိုးချစ်က အဆိုပါ ဥက္ကဋ္ဌ ရာထူးကနေ သူ့သဘောဆန္ဒအလျောက် နှုတ်ထွက်တဲ့ အကြောင်းအရာကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ " သဘင်အစည်းအရုံး(ဗဟို) ဥက္ကဌတာဝန်က နှုတ်ထွက်လိုက်ပါပြီဗျို့ " ဆိုပြီး ရေးသားလာတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 
Photo credit - Phoe Chit's Facebook Account 

သတင်း အရင်းအမြစ် Source - Phoe Chit's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T