အဖေ့ဝဋ်တွေလည်နေပြီဆိုတဲ့ အကြောင်းကို အခု ကြုံနေရတာနဲ့ နှိုင်းယှဉ်ကာ ပြောပြလာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/83/8339cdf83cab87004a9e9398ca6e4c319bbe98e8.jpg
အနုပညာရှင်များ

 ၀၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုက လတ်တလောမှာတော့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အတူ တစ်သားတည်းရှိကာ အားတတ် သရော ပါဝင်လုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ဦး ပဲဖြစ်ပါတယ်။သုသုကတော့ သူမရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင် "အဖေ့ဝဋ်တွေလည်ပြီ.....

ကျွန်မတို့ငယ်ငယ်ကညဘက်ဆို လိုင်းတွေတဂျစ်ဂျစ်မြည်နေတဲ့ရေဒီယိုလေးရှေ့မှာအဖေထိုင်ပြီးနားစိုက်နားထောင်နေတဲ့အချိန်ဆို ကျွန်မတို့ညီအစ်မသုံးယောက်ဆော့နေတာတွေအားလုံးရပ်ပြီးငြိမ်ငြိမ်လေးနေရတယ်....

Photo Credit- D1P
Photo Credit- D1P
Photo Credit- D1P
Photo Credit- D1P

အဲဒီ့အချိန်ဆိုစကားလည်းမပြောရဘူး...အော်ပြီးလည်းမရယ်ရဘူး...ခုန်‌ပေါက်ပြီးတော့လည်းမဆော့ရဘူး....အဖေကအဲဒီ့ရေဒီယိုလေးရှေ့မှာနားထောင်ရင်း တောက်တခေါက်ခေါက်နဲ့ဒေါသတွေထွက်နေတတ်တယ်....အမှန်တိုင်းဝန်ခံရရင်ကျွန်မတို့ကလေးတွေကအဲဒီ့ရေဒီယိုလေးရှေ့မှာအဖေဒေါသတွေထွက်နေပြီဆိုရင်အဖေ့ကိုသိပ်စိတ်ဆိုးတာပဲ(အဖေ့ဒေါသကပြီးရင်ဆော့နေကြတဲ့ကိုယ်တွေဘက်ကိုမြှားဦးလှည့်တတ်တာကိုး)....

Photo Credit- D1P
Photo Credit- D1P
Photo Credit- D1P
Photo Credit- D1P

ဒီသေချာလည်းမကြားရတဲ့တဂျစ်ဂျစ်နဲ့ရေဒီယိုအသေးလေးထဲကလာတဲ့RFAဆိုတဲ့ရေဒီယိုလိုင်းကိုလည်းသိပ်အမြင်ကပ်တာပဲ..(သူလာတဲ့အချိန်ဆိုကိုယ်တွေမှမဆော့ရတော့တာ)....

အခုတော့ဒီဖုန်းပြားပြားသေးသေးလေးထဲကFacebookဆိုတာကြီးရဲ့newsfeedဆိုတာကြီးကိုကြည့်ရင်းတောက်တခေါက်ခေါက်သက်ပြင်းတချချလုပ်မိနေရင်း တစ်ချိန်ကရေဒီယိုလေးရှေ့မှာတောက်ခေါက်နေတတ်တဲ့အဖေ့ကိုပြန်မြင်ယောင်မိတဲ့အချိန်မှာ.....ကျွန်မသိလိုက်ပြီ....ကျွန်မအဖေ့ဝဋ်တွေလည်နေပြီ....ကျွန်မသမီးလေးဖြစ်ဖြစ် သားလေးဖြစ်ဖြစ်ရလာခဲ့ရင်....သူ့အမေအဲ့သလိုဒေါသတွေကြီးနေရတာကိုမမြင်စေချင်ဘူး....ကျွန်မရဲ့ကလေးလေးကိုကျွန်မရဲ့ဝဋ်တွေဆက်မလည်ရပါပဲနဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ လောကကြီးမှာ ကြီးပြင်းခွင့်ရစေချင်မိတယ်...."ဆိုတဲ့ စာသားလေးကို ဝေမျှပေးလာတာ ဖြစ်တဲ့အတွက် ပရိသတ်တွေ ဖတ်ရှု့နိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Paing Phyoe Thu FB  page
Photo Credit -Paing Phyoe Thu FB page
Photo Credit -Paing Phyoe Thu FB  page
Photo Credit -Paing Phyoe Thu FB  page

သတင်း အရင်းအမြစ်Paing Phyoe Thu FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T