ငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှုတ်ထွက်လိုက်တဲ့အကြောင်းအရင်းကို ​ဖွင့်ဟလိုက်တဲ့ တိုင်ရွန်

//s9.kh1.co/4c/4c3160e70475835ba3784f2ab9016bf179921d4e.jpg
အနုပညာရှင်များ

 ၀၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှုတ်ထွက်လိုက်တဲ့အကြောင်းအရင်းကို ​ဖွင့်ဟလိုက်တဲ့ တိုင်ရွန်

မင်းသားချောလေးတစ်လက်ဖြစ်တဲ့တိုင်ရွန်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ တိုင်ရွန်ကတော့ ယခုမှာ ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတာပဲဖြစ်ကာ မိန်းကလေးပရိသတ်တွေအသည်းစွဲချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 

အနုပညာလှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ချပြလေ့ရှိတဲ့ သူကတော့ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိပါတယ်။တိုင်ရွန်ကတော့ ယခုမှာဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူရဲ့အမြင်နဲ့ ခံယူချက်ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေလေ့ရှိပါတယ်။ တိုင်ရွန်ကတော့ ယခုမှာငယ်စဉ်ကတည်းက လေးစားအားကျရသော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှုတ်ထွက်လိုက်ပြီဖြစ်တဲ့အကြောင်း ပရိသတ်တွေထံပြောပြလာခဲ့ပါတယ်။

Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 

တိုင်ရွန်ကတော့ " နေ့စွဲ။ ။ဖေဖေါ်ဝါရီ၄ရက်၊၂၀၂၁ခုနှစ်လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ...ယနေ့အချိန်ထိမည်သည့်သဘောထားထုတ်ပြန်ချက်မှ မထုတ်ပြန်သော ကျွန်တော်ငယ်စဉ်တည်းက လေးစားတန်ဖိုးထားအားကျ ရသော “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး”အဖွဲ့အစည်း၏အစည်းအရုံးဝင်အဖြစ်မှ မိမိဆန္ဒအလျှောက်နှုတ်ထွက်ပါသည် တိုင်ရွန် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ပရိသတ်တွေကို အသိပေးရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source: tyron bejay ' s facebook acc 

Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 
Photo Credit: tyron bejay ' s facebook acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T