ခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူရင်တွင်းဆန္ဒအမှန်ကိုပြသခဲ့တဲ့အူဝဲရဲ့ဗီဒီယို

//s9.kh1.co/d5/d5e0fd1e2958c8e39fddd930cfbde82d2b53b7f9.jpeg
အနုပညာရှင်များ

 ၀၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပြေတီဦးနဲ့ မင်းသမီးချောလေး  အူဝဲတို့နှစ်ယောက်ကတော့  ပြည်သူချစ်  ထိပ်တန်းသရုပ်ဆောင်တွေအဖြစ်  ဆယ်စုနှစ်ကျော်တိုင်အောင်  အခိုင်အမာရပ်တည်ခဲ့ကြသူတွေလည်း  ဖြစ်ပါတယ်။  အနုပညာအလုပ်တွေကို  တကယ့်စိတ်ရင်းအမှန်နဲ့ လုပ်ကိုင်ကြသူတွေဖြစ်တာကြောင့်  အခုလို  အောင်မြင်နေကြတာလည်း  ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ  ပရိသတ်တွေအပေါ်မှာလည်း  တလေးတစားအမြဲဆက်ဆံတတ်ကြတဲ့  အနုပညာရှင်တွေလည်း  ဖြစ်ပါတယ်။ 

Photo Crd-Eaindra Kyaw Zin’s Facebook Page 
Photo Crd-Eaindra Kyaw Zin’s Facebook Page 
Photo Crd-Eaindra Kyaw Zin’s Facebook Page 
Photo Crd-Eaindra Kyaw Zin’s Facebook Page 

ပြေတီဦးနဲ့ အူဝဲတို့ဟာ  လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ပြည်သူတွေနဲ့ တန်းတူရပ်တည်နေခဲ့တာကြောင့်  အားလုံးက ချီးကျုးနေကြတာလည်း  ဖြစ်ပါတယ်။  သူတို့ရဲ့လူမှုကွန်ယက်များမှတစ်ဆင့်လည်း  သတင်းအချက်အလက်​တွေကို အမြဲဝေမျှနေပြီး campaign တွေမှာလည်း ပါဝင်နေကြနေတာလည်း  ဖြစ်ပါတယ်။  အခုတစ်ခါမှာလည်း  အူဝဲရဲ့ Facebook Story မှာ ဗီဒီယိုဖိုင်လေးတစ်ခု ဝေမျှပေးလာပြန်ပြီပဲ  ဖြစ်ပါတယ်။

Photo Crd-Eaindra Kyaw Zin’s Facebook Page 
Photo Crd-Eaindra Kyaw Zin’s Facebook Page 
Photo Crd-Eaindra Kyaw Zin’s Facebook Page 
Photo Crd-Eaindra Kyaw Zin’s Facebook Page 

ဒါကတော့  တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့ရပ်တည်ပြီး သူတို့ရဲ့ရင်ထဲက ဆန္ဒအမှန်တွေကို  ထုတ်ဖော်ပြသလိုက်တာပဲ  ဖြစ်ပါတယ်။ ပြေတီဦးနဲ့အူဝဲတို့  ဇနီးမောင်နှံဟာ  မနေ့ညက ၈ နာရီခန့်လောက်က  ကားပေါ်မှနေပြီးဟွန်းတွေအဆက်မပြတ်တီးကာ campaign ကို အတူတူပါဝင် ဆင်နွှဲခဲ့ကြတာပဲ ဖြစ်ပြီး  ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်  ဒီဗီဒီယိုဖိုင်တွေကို တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်  ရပါတယ်နော်။

Source and Photo Crd-Photo Crd-Eaindra Kyaw Zin’s Facebook Page

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T