လူတွေဟာ အကြောင်းအရာတစ်ခုခုကို တွေးပြီး စိတ်ပူနေတဲ့ အခါမှာပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျချိန်မှာပဲ ဖြစ်ဖြစ် စိတ်ပင်ပန်းမှု ဒဏ်ကိုခံစားရတတ်ပါတယ်။စိတ်ပင်ပန်းလာပီဆိုရင် ဘာလုပ်လုပ်မပျော်ရွှင်တော့ပဲ မိမိကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးကာ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရတာက တကယ့်ကို ပင်ပန်းလှပါတယ်။ဒါ့ကြောင့် ပရိသတ်တွေကို စိတ်ပင်ပန်းလာတဲ့အခါ ဖြေဖျောက်နိုင်တဲ့ နည်းလမ်းလေး အချို့ကို ဖော်ပြပေးချင်ပါတယ်။
၁. သီချင်းနားထောင်ပါ
လူတော်တော်များများဟာ စိတ်ပင်ပန်းလာပြီဆိုရင် သီချင်းနားထောင်ပီး ဖြေဖျောက်တတ်ကြပါတယ်။
ကိုယ့်ရဲ့ လတ်တလောဖြစ်နေတဲ့ ခံစားချက်နဲ့ ကိုက်ညီတဲ့ သီချင်းတွေထဲမှာ စီးမြောပေါက်ကွဲ လိုက်တာက ဦးနှောက်ထဲက အတွေးတွေကို လျော့ပါးစေနိုင်သလို သာယာညိမ့်ညောင်းတဲ့ သီချင်းလေးတွေထဲမှာ စီးမျောခံစားလိုက်တာကလည်း စိတ်ပင်ပန်းမှုကို သက်သာစေတဲ့ အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။
၂. လေ့ကျင့်ခန်းလုပ်ပါ
စိတ်ပင်ပန်းလာပီဆိုရင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေနဲ့ သွေးကြောလေးတွေကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက်လေ့ကျင့်ခန်းလေးတွေလည်း လုပ်ပေးသင့်ပါတယ်။
လေ့ကျင့်ခန်းအကြီးကြီး တွေမလုပ်ပေးနိုင်ဘူးဆိုရင်တောင် ၅ မိနစ်လောက်ခပ်မြန်မြန်လေး လမ်းလျှောက်ပေးတာက လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ endorphin ဓာတ်တွေထွက်ရှိတာကြောင့် စိတ်ပင်ပန်းမှုကို သက်သာစေပါတယ်။
၃.အသက်ပုံမှန်ရှူပါ
အသက်ရှူတာက လူတွေအမြဲလုပ်နေတဲ့ ကိစ္စတစ်ခုဆိုပေမယ့် စိတ်ပင်ပန်းနေတဲ့ အချိန်မှာတော့ အသက်ကိုနည်းစနစ်ကျကျရှူပေးသင့်ပါတယ်။
စိတ်ကိုငြိမ်ငြိမ်ထားကာ မိမိဗိုက်ပေါ် လက်ကလေးတင်ပီး ရှူသွင်း ၊ ရှူထုတ်ကို ပုံမှန်လေးလုပ်ပေးပါ။
မိနစ်အနည်းငယ်လောက် လုပ်ပေးမယ်ဆိုရင်ပဲ စိတ်ကတည်ငြိမ်လာပီး စိတ်ပင်ပန်းတာတွေကို သိသိသာသာ သက်သာလာစေမှာပါ။
သတင်း အရင်းအမြစ်៖ Healthline