တစ်ခေတ်တစ်ခါတုန်းက လူငယ်ပီပီတက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ ဖေဖေ့ရဲ့ငယ်ပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/1b/1bb18e2fecb33a277bac79d0ea839d16e6184148.jpeg
အနုပညာရှင်များ

 ၀၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တစ်ခေတ်တစ်ခါတုန်းက လူငယ်ပီပီတက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ ဖေဖေ့ရဲ့ငယ်ပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ မင်းမော်ကွန်း

ပရိသတ်ကြီးရေ ရုပ်ရှင်လောကသားတွေဖြစ်ကြတဲ့ ဇင်ဝိုင်းနဲ့မင်းမော်ကွန်းတို့သားအဖနှစ်ယောက်ဟာဆိုရင် ပြည်သူချစ်အနုပညာရှင်တွေအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။မင်းမော်ကွန်းကတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လျှက်ရှိပြီး ပရိသတ်တွေနဲ့တစ်သားတည်းနေထိုင်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ယခုလတ်တလောဖြစ်ပေါ်နေတဲ့ ကိစ္စမှာဆိုရင်လည်း မင်းမော်ကွန်းက ပြည်သူလူထုနဲ့အတူ စိတ်တူကိုယ်တူ ကြွေးကြော်နေတာပဲဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 

အနုပညာရှင်အသိုင်းအဝိုင်းကလည်း ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ကာ ဆန္ဒတွေကို ကိုယ်စီထုတ်ဖော်နေကြတာဖြစ်ပါတယ်။မင်းမော်ကွန်းကလည်း ပြည်သူထဲက ပြည်သူတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ဆန္ဒတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးနေတာဖြစ်ပါတယ်။မင်းမော်ကွန်းက ဖခင်ဖြစ်သူ ဇင်ဝိုင်းရဲ့သွေးတွေအပြည့်စီးဆင်းနေတာဖြစ်လို့ လတ်တလောကိစ္စအတွက်လှုပ်ရှားနေကြတဲ့ campaign တွေမှာလည်း အားကျိုးမာန်တက်ပါဝင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 

ဇင်ဝိုင်းငယ်ငယ်တုန်းကဆိုရင်လည်း တစ်ခေတ်တစ်ခါမှာ အနုပညာရှင်တွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး ရဲရဲရင့်ရင့်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။မင်းမော်ကွန်းကလည်း ဖေဖေ့ရဲ့သတ္တိတွေနဲ့ရဲရင့်ပုံတွေကို လေးစားနေတာဖြစ်ပါတယ်နော်။ဖေဖေရဲ့ ငယ်ငယ်တုန်းကရှားပါးဓာတ်ပုံတွေကို ပရိသတ်တွေလည်းတွေ့ဖူးအောင်လို့ မင်းမော်ကွန်းကလူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါမှာ အနုပညာရှင်အသိုင်းအဝိုင်းရဲ့ ရဲရင့်တက်ကြွနေတဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 

Source&Photo Credit:Kyaw Kyaw Htay Lwin’s Facebook acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T