တတ်နိုင်တဲ့ဘက်ကပါဝင်နေချိန်မှာ ငယ်သေးလို့ဒုက္ခမရှာပါနဲ့ဆိုပြီး လာပြောတဲ့သူကို လူငယ်ပီပီ သူမရဲ့ရပ်တည်ချက်ကို ပြန်ပြောပြလိုက်တဲ့ မေတိုးခိုင်

//s9.kh1.co/c8/c83c92afe833f5a19f482df62b84aeefe5781e70.jpg
အနုပညာရှင်များ

 ၀၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တတ်နိုင်တဲ့ဘက်ကပါဝင်နေချိန်မှာ ငယ်သေးလို့ဒုက္ခမရှာပါနဲ့ဆိုပြီး လာပြောတဲ့သူကို လူငယ်ပီပီ သူမရဲ့ရပ်တည်ချက်ကို ပြန်ပြောပြလိုက်တဲ့ မေတိုးခိုင်

မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့တူမလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး စတင်အောင်မြင်နေပြီပဲ ဖြစ်ပါတယ် ။ မေတိုးခိုင်က အကယ်ဒမီရွှေကြိုမယ်လေးအဖြစ် ပါဝင်ဆောင်ရွက်ပြီး နောက်ပိုင်းမှာ အရင်ကထက်တောင် ပိုမိုကျော်ကြားလာခဲ့တာ ဖြစ်ပါတယ် ။ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်လာပြီဖြစ်တဲ့ မေတိုးခိုင်က "ရူးအောင်ချစ်မယ့်လူ" ဆိုတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page

ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ မေတိုးခိုင်က အခုလိုကာလမှာတော့ သူမရဲ့ခံယူချက်အတိုင်း တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံအတွက် ပါဝင်နေတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း Social Media ကတစ်ဆင့် လှုပ်ရှားမှုတွေမျှဝေနေတဲ့ မေတိုးခိုင်ကိုတော့ ပရိသတ်တစ်ယောက်က ဝေဖန်ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ် ။ "ကိုယ့်ကိုကိုယ်သနားပါ အရွယ်ငယ်သေးတယ် ဒုက္ခမရှာနဲ့ Don't make your own trouble" ဆိုပြီး လူတစ်ယောက်က မေတိုးခိုင်ရဲ့Post အောက်မှာ Comment ရေးသားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page

ဒါကြောင့် မေတိုးခိုင်ကလည်း "(၇၅) နှစ် အရွယ် အမေစုတောင် ဒီအချိန်ထိ တစ်တိုင်းပြည်လုံးအတွက် အနစ်နာခံပြီး ကြိုးစားပေးနေတဲ့ အချိန်မှာ ဖူးတို့လိုလူငယ်တွေထိုင်ကြည့်နေရတော့မလား မ? သူ့ကိုပိုသနားတယ် Trouble ရှာတာမဟုတ်ပါဘူး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်နေတာပါ" ဆိုပြီး ပြန်ပြောခဲ့တာ ဖြစ်ပါတယ် ။ မေတိုးခိုင်ကတော့ လူငယ်တစ်ယောက်ပီပီ သူမရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောပြလိုက်တာပဲ ဖြစ်ပါတယ် ။ မေတိုးခိုင်ရဲ့ပြောစကားလေးကို ပရိသတ်အများစုက သဘောကျနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page

Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Photo Credit-"May Toe Khine- မေတိုးခိုင်" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T