ကိုယ်ဝန်လွယ်ထားရလို့ နေထိုင်မကောင်းဖြစ်နေတဲ့ သူ့ရဲ့ဇနီးသည်ကိုအထင်လွဲပြီး ဆဲဆိုတိုက်ခိုက်နေတာကြောင့် တုံ့ပြန်ဖြေရှင်းလိုက်တဲ့ အာဘွိုင်း

//s9.kh1.co/1c/1c11971a0ae2d9c4c880ecb7e4bbcdcf36e44590.jpg
အနုပညာရှင်များ

 ၀၆-ဖေ-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ဝန်လွယ်ထားရလို့ နေထိုင်မကောင်းဖြစ်နေတဲ့ သူ့ရဲ့ဇနီးသည်ကိုအထင်လွဲပြီး ဆဲဆိုတိုက်ခိုက်နေတာကြောင့် တုံ့ပြန်ဖြေရှင်းလိုက်တဲ့ အာဘွိုင်း

အဆိုတော်အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ ချစ်ကြိုက်ပြီး သာယာချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ သမီးလေးတစ်ယောက် ထွန်းကားခဲ့တဲ့ အာဘွိုင်းတို့ဇနီးမောင်နှံက အခုဆိုရင် နောက်ထပ် မိသားစုဝင်အသစ်လေးကိုပါ ပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ် ။ မကြာသေးခင်ကပဲ အာဘွိုင်းရဲ့ချစ်ဇနီးလေး မြတ်ရတနာကျော်မှာ ဒုတိယကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ye Min Lay Photography
Photo Credit-Ye Min Lay Photography
Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein

ဇနီးသည်ကို ဂရုတစိုက်နဲ့ချစ်ပေးတတ်တဲ့ အာဘွိုင်းက အခုလည်း မြတ်ရတနာကျော်နဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ဖြေရှင်းလိုက်တာ ဖြစ်ပါတယ် ။ အခုလိုကာလမှာ မြတ်ရတနာကျော်ဆီကို Social Media တွေကတစ်ဆင့် စာတွေပို့ပြီး ဆဲဆိုတိုက်ခိုက်နေတဲ့သူတွေကို အာဘွိုင်းက ပြန်လည်တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ် ။ ကိုယ်ဝန်လွယ်ထားရတဲ့ မြတ်ရတနာကျော်က နေထိုင်မကောင်းဖြစ်နေတာကြောင့် ဖုန်းမသုံးနိုင်ဘဲ အိပ်ရာထဲမှာပဲ အနားယူနေရတာဖြစ်ကြောင်း အားလုံးသိအောင် ပြောပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Ye Min Lay Photography
Photo Credit-Ye Min Lay Photography

အာဘွိုင်းက "List ထဲမှာပါတဲ့ အခြားလူတွေ အကြောင်းတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော့်အမျိုးသမီးက ကိုယ်ဝန်လွယ်ထားတာလေဗျာ။ သူ့မှာတစ်နေ့လုံး ပျို့အန်ပြီးမအီမလည်ဖြစ်နေလို့ ဖုန်းမသုံးဘဲ.. ကုတင်ပေါ်မှာလှဲနေရတာပါဗျာ။ ဘာအတွက်ကြောင့် ဒီလောက်တောင် ရေးသား တိုက်ခိုက်နေရတာလဲဗျာ။ Messenger ထဲမှာရော Instagram တွေမှာရော စာတွေပို့ပြီး ဆဲဆိုနေလိုက်ကြတာဗျာ။ ခင်ဗျားတို့ဟာ တဖြည်းဖြည်းနဲ့ Cyber Bullying လုပ်သလိုဖြစ်မနေဘူးလားဗျာ" ဆိုပြီး သူ့ရဲ့Facebook Account မှာတင်ခဲ့တာ ဖြစ်ပါတယ် ။ အာဘွိုင်းကတော့ ကိုယ်ဝန်ဆောင်ဖြစ်တဲ့ သူ့ဇနီးလေးကို အထင်လွဲပြီး ဆဲဆိုနေတဲ့သူတွေသိသွားအောင် အကြောင်းစုံကို ပြောပြလိုက်တာပဲ ဖြစ်ပါတယ် ။ 

Source & Photo Credit-Kyaw Phyo Tun's FB Acc

Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc
Photo Credit-Kyaw Phyo Tun's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T